အခန်း ၁၅ (U)

17.6K 637 61
                                    

ရိန်းတို့အဖွဲ့သည် မြစ်ကြီးနားမှာ ကမ်ပိန်းပြီးတဲ့အခါ ညတွင်းချင်းပင် အစီရင်ခံစာရိုက်ပြီး IPO ရုံးချုပ်ကို မေးလ်ပို့ရသည်။ အလုပ်ကိစ္စအားလုံး ပြီးသွားတဲ့ နောက်တစ်ရက်မှာ ဦးဇော်မျိုးလွင်က ရိန်းတို့အဖွဲ့ကို မြစ်ဆုံကို လိုက်ပို့ပေးသည်။ ကမ်ပိန်းပြီးပြီမို့ နောက်တစ်ရက်မှာ ရိန်းမှလွဲ၍ အဖွဲ့သားအားလုံးက ရန်ကုန်ကို ပြန်ဆင်းကြသည်။

ရိန်းက အဖွဲ့သားတွေနဲ့အတူ ရန်ကုန်ကိုပြန်မလိုက်ဘဲ မန္တလေးအိမ်ကို ထွက်လာလိုက်သည်။ တီလေးကို Surprise လုပ်ချင်လို့ ဖုန်းလုံးဝမဆက်ဘဲ မန္တလေးကို ဆင်းလာသည်။ ဒီနှစ်တွေမှာ မြန်မာပြည်ကို တစ်ခေါက်မှ ပြန်မလာဖြစ်တာမို့ ရိန်းသည် စိမ်းမြရောင်ခြံကြီးနှင့် လုံးဝ ကင်းကွာနေခဲ့သည်။

တင်း တောင်!

ခြံရှေ့က လူခေါ်ဘဲလ်ကို ဖိနှိပ်ချလိုက်တာနဲ့ ခဏအကြာမှာ ဝဝဖိုင့်ဖိုင့် ယောင်္ကျားကြီးတစ်ယောက် ခြံရှေ့ကို ထွက်လာသည်။အဲ့ဒီလူရဲ့မျက်နှာကို ပုံဖမ်းကြည့်လိုက်တာနဲ့ ဦးတရုတ်ကြီးမှန်း တန်းသိလိုက်သည်။ ရိန်းရဲ့အမြင်မှာတော့ ဦးတရုတ်ကြီးရဲ့တိုးတက်မှုက ခန္ဓာကိုယ် ဝဖြိုးလာခြင်းပဲ။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ မောင်ရင်"

ဦးတရုတ်ကြီးသည် ခြံတံခါးအစပ်နားမှာ လာရပ်ကာရိန်းကို မေးလာသည်။ ဒီလူကြီးက တကယ်ပဲ ရိန်းကို မမှတ်မိတာပေါ့။

"ဒီအိမ်က ဦးတရုတ်ကြီးနဲ့ တွေ့ချင်လို့"

ဒီဧည့်သည်က ထူးထူးခြားခြား ကိုယ့်ဆီလာတဲ့ ဧည့် သည်ပဲ။ ဦးတရုတ်ကြီးသည် စိတ်ထဲ ဇဝေဇဝါဖြင့် မျက်မှန်ကို ချွတ်ကာ မှန်ကို အင်္ကျီစနှင့် ပွတ်သုတ်လိုက်ပြီးမှ ခြံအပြင်က ကောင်လေးကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။

"ရိန်း ရိန်းလေးလား၊ ရိန်းလေး ဟုတ်တယ်မလား"

"ဟုတ်တယ်ဗျ၊ ကျွန်တော် ရိန်းပဲ၊ ကျွန်တော့်ကို တန်းမမှတ်မိဘူးလားဗျ ..ဟား ဟား"

More than a friendship [Completed]Where stories live. Discover now