အပိုင်း-5

8.2K 668 17
                                    

.................

"ကဲ အခုက​တော့ ​မောင်​​လေးတို့ ညီမ​လေးတို့ ​မျှော်​လင့်​​နေတဲ့ King Queen ​ရွေးချယ်​မယ့်​ပွဲဘဲ ဖြစ်​ပါတယ်​ "

"ကဲ King Queen ​မောင်​​လေး ညီမ​လေး​တွေကို လက်​ခုပ်​တီးပြီး ကြိုဆိုလိုက်​ကြရ​အောင်​"

ဤသည်​က​တော့ Final year က အကိုနဲ့ အမ နှစ်​​ယောက်​ရဲ့ အသံပင်​။ ​ကျောင်းသား/သူများ၏ လက်​ခုပ်​သံတပြုံတမကြီး ​ပေါ်ထွက်​လာ​လေတယ်​။ အ​ရှေ့ဆုံး​နေရာ၌ ခုံများနှင့်​ တန်းဆီထိုင်​​နေ​သော teacher များကလည်း တပြုံးပြုံးရှိ​နေ၏။

ကမ္ဘာ က ခါးနာမ်​ပါတ်​ ​နောက်​ဆုံး ​ခြောက်​​နေရာ၌ ရှိ၏။ မိန်းက​လေးများကလည်း ​ခြောက်​​ယောက်​ပင်​။ ပထမဆုံး ခါးနာမ်​ပါတ်​ တစ်​​ယောကျာ်း​လေး တက်​သွား ချိန်​၌ မိန်းက​လေးများထံမှ ​အော်​သံဟစ်​သံများ ဆူညံလာ၏။ တစ်​​ယောက်​ပြီး တစ်​​ယောက်​ နှင့်​ ကမ္ဘာ့ အလှည့်​​ရောက်​ချိန်​တွင်​​တော့ ​လေးထပ်​​ဆောင်​ပင်​ တုန်​ဟီး​လောက်​​အောင်​ ​အော်​သံများ ထွက်​လို့လာ​လေတယ်​။

မိန်းက​လေးများ အလှည့်​တွင်​​တော့ ​ကျောင်းသားများထံမှ ​ဟော်​ဟစ်​အား​ပေးမှုကို အလုံးစုံရကြ​လေကုန်​၏။

ထို့​နောက်​ စုံတွဲ လမ်း​လျောက်​ရချိန်​၌ ကမ္ဘာ နဲ့တွဲရသည့်​ မိန်းက​လေးက ပြုံးမြမြ မျက်​နှာ​ပေးနှင့်​ ​သူ့လက်​​မောင်းအား ချိတ်​ကာတွယ်​ကပ်​လိုက်​ပါလာ၏။ ထို့​နောက်​ ညိှု့မျက်​ဝန်းတို့ဖြင့်​ မော့ကြည့်​လာကာ သူ့ပုခုံး​ပေါ်သို့ လက်​နှစ်​ဖက်​လုံးတင်​ကာ ​ခေါင်းမှီလိုက်​​သေး၏။ သူ၏မျက်​နှာမှာ​တော့ အလိုမကျမှုများကို မ​ပေါ်​အောင်​ ​သေ​လောက်​​အောင်​ထိမ်း​နေရ​လေ၏။

"​ဟေးးး"

ကျောင်းသား/သူများ ထံမှ ​အော်​ဟစ်​စ​နောက်​မှုများ​ကြောင့်​ စိတ်​ရှုပ်​ရပြန်​၏။ ကိုဈာန်​အား လှမ်းကြည့်​မိ​တော့ သူတို့အားကြည့်​ကာ ရယ်​​နေ​လေရဲ့။ ကိုဈာန်​​ပျော်​တယ်​မလား။

"ကဲ တစ်​​ယောက်​ချင်းစီ မိတ်​ဆက်​​ပေးမယ်​​နော်​ ခါးနာမ်​ပါတ်​တစ်​ ​မောင်​​လေး နာမ်​မည်​​လေး မိတ်​ဆက်​​ပေးပါဦး "

Senpai is my BoyfriendWhere stories live. Discover now