6(Unicode)

1.8K 147 2
                                    

..................

သူစာကျတ်​ပြီး ကမ္ဘာ ၏ acc အား လက်​ခံရဦးမည်​ကို သတိရသွားသဖြင့်​line ဖွင့်​လိုက်​တယ်​။Min Kabar ဆိုသည့်​fri ခွင့်​တောင်းလွှာအား သူလက်​ခံလိုက်​ပြီး အခြား​မြောက်​များစွာ​သော ခွင့်​တောင်းလွှာ​တွေအား လစ်​လျူရှုလိုက်​၏။

Pp ကအလန်းဟ။ ဒါ​ပေါ့​လေ သူကနဂိုကတည်းက​ချောပြီးသားကို။ သူကမ္ဘာ့ wall ထဲတိတ်​တဆိတ်​ဝင်​မွှေကြည့်​လိုက်​တော့ နိုင်​ငံခြားအကိတ်​မမ များ၏ ပုံများ share ထားတာ အများအပြား​တွေ့ရ​လေတယ်​။ caption​တွေကလည်း မလွတ်​မလပ်​တွေ။ $ထန်​ကောင်​လေး။ ထိုသို့​သော​ကောင်​လေး၏ ဘာမှမဟုတ်​သော စာ​ကြောင်း post​လေးတစ်​ခုမှာတင်​like က k နီးပါးရှိ၏။

ပုံအများစုက သူ့သူငယ်​ချင်းများနှင့်​သာ။ ဈာန်​ညွှန်းပုံ တစ်​ပုံအ​ရောက်​တွင်​တော့ အ​တော်​ကြာကြည့်​မိ၏။ ထိုပုံက မင်းကမ္ဘာ တစ်​ယောက်​ထဲ အခြားတစ်​ယောက်​က ရိုက်​ပေးထားသည့်​ပုံပင်​။ snap နှင့်​တူပြီး​သေချာရိုက်​ထားသည်​လား​တော့ မသိ​ပေ။ မြက်​ခင်းပြင်​တွင်​ထိုင်​နေ​သော ကမ္ဘာ လက်​ထဲ၌​ရေသန့်​ဗူး​လေးကိုင်​ထားပြီး ကင်​မရာအား​မော့ကြည့်​လာသည့်​ပုံပင်​။ ဆန်းပြားတာ တစ်​ခုမှမပါ​ပေ။ သို့​သော်​ကမ္ဘာ မျက်​နှာပုံ ပျက်​ပျက်​ထင်​ထင်​ပါ၏။ ရင်​ဘက်​တွင်​ရုပ်​ပုံပါ အဖြူ​ရောင်​အကျီင်္ီ လက်​ပြတ်​ကို ဂျင်းအပြာနှင့်​။ သူ့မျက်​နှာက အနည်းငယ်​ပြုံး​နေပြီး မျက်​ခုံးပင့်​ပြ​နေသ​ရောင်​။​စေ့​စေ့ကြည့်​လေ ဆက်​ကြည့်​နေချင်​လေပင်​။ သူ့လက်​က အလိုအ​လျောက်​save မိလိုက်​ပြန်​တယ်​။

'ဗု​ဒ္ဓေါ! ငါက ဒီ​ကောင်​လေးပုံကို save လိုက်​မိတာလား​မော်​ဒယ်​တွေပုံ​တောင်​မ save တဲ့ငါက​လေ'

ဈာန်​ညွှန်းသူ့ကိုယ်​သူ အံဩ​နေမိ၏။ မနက်​က ထို​ကောင်​လေး သူ့ပါးလာကိုင်​ချိန်​တွင်​ရင်​ထဲ ပူရှိန်းရှိန်း ဖြစ်​လာမှုကို သူရှက်​နေရတာ အ​တော်​ကြာတဲ့ထိပင်​။ သူနည်းနည်း​တော့ လွဲ​နေသည်​ဟုထင်​မိ၏။ သူထိုသို့ ဖြစ်​ပျက်​နေ​သော ကိစ္စကိုသာ ကမ္ဘာ သိသွားရင်​တော့ သူ့မှာရှက်​လွန်း၍​သေသွား​ပေလိမ့်​မည်​။

Senpai is my BoyfriendWhere stories live. Discover now