1 (Unicode)

6K 235 2
                                    


...............

တတိယနှစ်​Philosophy​ကျောင်းသား ဈာန်​ညွှန်း လာပါပြီ  အနက်​ရောင်​ယောပုဆိုးကွက်​စိပ်​လေးနှင့်​ပန်း​ရောင်​ရှပ်​အင်္ကျီလည်​ကတုံးအား လက်​ခေါက်​တင်​ရင်း
သူ၏ ပါးစပ်​က​လေးအားလည်း အနားမ​ပေး​ပေ။သူနှင့်​ယှဉ်​လျှောက်​လာ​သော အစိမ်းနု​ရောင်​အရိပ်​က​လေးမှာ သူမ၏ လက်​များအား နားဆီသို့ ထိကပ်​လျက်​အလုပ်​ပေးထား၏။

'ကျောင်း​လေးတက်​ရတာမှ အနီးကပ်​ဆယ်​ရက်​ဒါ​တောင်​ရှေ့နှစ်​ရက်​နောက်​တစ်​ရက်​ဘဲတက်​တဲ့သူကအများသား။ ဒါတင်​ကမလား တစ်​ရက်​မှမလာဘဲ Roll call အပြည့်​ဆယ်​ရက်​လုံးလိုချင်​သူကရှိ​သေး။ ဆု​တောင်း​လေ ဆု​တောင်းကြ ဆရာကန်​တော့ဖို့နဲ့ သူတို့ပြန်​ကျွေးဖို့ ငါး​ထောင်​ကောက်​ပါတယ်​မထည့်​ချင်​ကြတဲ့သူကများ​သေး
​စေတနာပါသ​လောက်​တင်​ထည့်​ပါဆို​တော့လည်း မထည့်​တဲ့အပြင်​ဆဲသွားတဲ့သူက ရှိ​သေး ငါတို့က​မေးခွန်းရတယ်​ကလာ​သေးတယ်​မေးခွန်းရ ရ​အောင်​ဒီကဆရာမ​တွေက​မေးခွန်းထုတ်​တာလား"

ဤ သည်​မှာ​မောင်​ဈာန်​ညွှန်း အ​ပေါက်​က​လေးမှ ထွက်​လာ​သော စကားလုံးများပင်​။ ပိ​တောက်​လမ်းရှိ ပိ​တောက်​ပင်​များပါ သူ၏နားညီးမှုအား သည်းမခံနိုင်​သည့်​အလား အ​ဝေးသို့​ပြေးသ​ယောင်​ရှိလို့ လမ်း​တောင်​ပိုကျယ်​လာသလိုလို။
​ခြေ​ထောက်​များကလည်း မိုးရွာထားလို့​လမ်း​ပေါ်ရေတင်​ကျန်​နေသည့်​ရေအိုင်​ငယ်​လေးများအားလည်း ခုန်​ပျံ​ကျော်​လွှားရ​သေး။ ပွစာကျဲ​နေ​သော အမှိုက်​သရိုက်​များကိုလည်း လက်​လှမ်းမှီသ​လောက်​ကောက်​ရင်း အမှိုက်​ပုံးထဲသို့ ထည့်​ခဲ့ရ​သေး၏။

ဌာနသို့​ရောက်​တော့ မည်​သူမှပင်​မ​ရောက်​ကြ​သေး​ပေ။ အချိန်​က 7 နာရီ။ ထို့​ကြောင့်​မိမိအတန်းသို့​ခြေဦးတည်​ခဲ့ကြ၏။

"ဈာန်​ညွှန်းရယ်​နင်​ဘာဖြစ်​လာပြန်​တာလဲ ငါနားညီးလွန်းလို့"

ဤသို့ ဆိုလာသူမှာ တရုတ်​မ။ သူမ နာမ်​မည်​က ဆုလဲ့ရည်​အခြားတရုတ်​များလို အမည်​ပေးတာ​တော့ရုပ်​မဆိုး​ပေ။ သို့​သော်​ရုပ်​ရေက​တော့ ဆိုးသည်​ဟု ထင်​မိ၏။ အဘယ်​ကြောင့်​ဆိုလျှင်​သူ မကြိုက်​၍။

Senpai is my BoyfriendWhere stories live. Discover now