အပိုင်း-၁

9.7K 504 4
                                    

"ရွေးနှင့်ပြီးသားဧကရီနေရာ"







"ရှင်တို့သိပြီးကြပြီလား? ဧကရာဇ်က ဧကရီရွေးချယ်တော့မယ်တဲ့"

နန်းတော်ဆီမှသည် ပျံ့သောသတင်းကား မြို့နယ်ရွာမလပ် တောမီးသဖွယ် ပြန့်နှံ့လျက်……။ ဧကရာဇ်ငယ်ရွယ်ရွယ်၏ ဦးစွာသောပထမအမျိုးသမီး ကြင်ဖော်ဖြစ်လာမည့် ဧကရီအကြောင်းသတင်းအတင်း ဆိုကြသည့်အခါ ပတ်ဝန်းကျင်မှလူတို့သည်ပါ သတင်းလေညှင်းဆောင်သည့် အမျိုးသမီးငယ်၏အသံအား နားစိုက်ထောင်ကြကုန်၏။

တစ်ဦးသောသူက ဆိုသည်။

"အဲ့ဒါ ထူးဆန်းလို့လား? တိုင်းပြည်မိခင်ရွေးတာပဲကို"

"ထူးဆန်းတာက အဲ့ဒီနေရာက ရွေးချယ်ပြီးသားဖြစ်နေတာလေ ရှင်တို့ရယ်…… အဲ့ဒီအမျိုးကောင်းသမီးကလေ~~ ဧကရာဇ်နဲ့ အမြဲတမ်းတိုက်ခိုက်နေတတ် ချန်းချီဟန်ရဲ့သမီး ချန်းလင်းယွီတဲ့"

"ချန်းလင်းယွီ ? ဟိုနတ်သမီးလိုလှတယ်ဆိုတဲ့ အမျိုးသမီးလေးဟုတ်စ"

ချန်းလင်းယွီဆိုသည်နှင့် အတွင်းဝန်၏အသည်းညှာခိုင် တစ်ဦးတည်းသော သမီးပျိုမှန်းလူတိုင်းအတပ်သိကြသည်။ မိန်းမတို့တက်အပ်သည့် အတတ်တို့အား အလုံးစုံကျွမ်းကျင်ပိုင်နိုင်လှကာ ထာဝရနတ်တစ်ပါးကဲ့သို့ အသရေပြည့်သည့် အလှအားပိုင်ဆိုင်သည်ဟု သူမကိုမမြင်ဖူးကြသော်လည်း ကြားဖူးသည်ပေ။

ထိုသတင်းအားကြားလိုက်ရပေတော့ ပုရိသတို့မှာ မစားရညှော်ခံ၊ ခံပြင်းကာ နှမြောတသဖြစ်ရလေ၏။ သို့သော် မချင့်မရဲ၊နှမြောတသမှုတို့အား ထုတ်ဖော်မဆိုရဲကြသည်က ထိုနတ်ကညာအား အရယူသွားသူက တိုင်းပြည့်ထိပ်ခေါင် ဧကရာဇ်မင်းမြတ်ဖြစ်နေ၍ပင်………

ယောကျာ်းတို့မျက်နှာက မနာလိုမှုဖြင့်အိုစာနေလျင် အမျိုးသမီးတို့မျက်နှာက အားကျခြင်းပြည့်လျက်……။

ရွှေလင်ပန်းနှင့်အချင်းဆေးခဲ့သူ နတ်မိမယ်က ယခု လောက၌ အမြင့်မြတ်ဆုံးသောလူသားနှင့် ပတ္တမြားကျောက်ရာနန်းထက် အတူတကွ အိပ်စက်ရပေတော့မည်။  ထိုအချင်းအားတွေးလေ အမျိုးသမီးတို့၏ အားကျခြင်းက သက်ပြင်းတို့ပြည့်လာရ၏။

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now