အပိုင်း -၁၁

875 99 0
                                    

ရဲရင့်သောသွေး
လှပသောဇာမဏီ~ (၁)

"မယ်မယ်~ ထွက်ခွာဖို့အချိန်တန်ပါပြီ။ "

"အင်း~ "

ထည်ဝါလှသည့်ဧကရီဝတ်ရုံအစား ရိုးရှင်းသည့်
အနီရောင်ဝတ်ရုံလွှာနှင့် ၊ ဆံချည်ထုံး ရိုးတစ်မူကိုသာ ပြင်ဆင်ဝတ်စားလာပါသည့် ဧကရီက
ယနေ့မူကား ထည်ဝါခြင်းအစား ငြိမ်းအေးသောလှပမှုကိုသာ ကိုယ်စားပြု၏။ သို့သော် သူမ၏မျက်နှာက စိတ်မကြည်လင်ဟန်ရှိကာ မှုန်မှိုင်း၍နေ၏။
နန်းတော်ရင်ပြင်ရှိရာသို့ရောက်ရှိပြီး သူမ သွားလာရန်အဖို့ပြင်ဆင်ထားသည်အား
တွေ့လိုက်ရသည့်အခါ သူမ၏ မျက်မှောင်တို့ကြုံ့သွားရသည့်အပြင် အေးခဲမှုကနှစ်ဆပိုလာရ၏။

"ဒါက ဘယ်လိုဖြစ်တာလဲ?"

"အားလန်လည်း မသိပါဘူး  ချုံးကုန်းကုန်း စီစဉ်ပေးတာပါပဲ။ မယ်မယ်နဲ့အရှင်မင်းကြီးက ရထားလုံးကို အတူစီးရမယ်တဲ့ ~ "

"အဓိပ္ပာယ်မရှိလိုက်တာ !"

"မိဖုရားက အဲ့လိုပြောတော့ ကိုယ်တော်နဲ့ အတူမသွားလာချင်ဘူးဆိုတဲ့ သဘောလား?"

လင်းယွီစိတ်ညစ်ညူးနေသည့်ကြားကမှ ရှင်ဘုရင်ကရောက်ချလာသည့်အခါ ကြောက်ရွံ့ခြင်းက အလျင်းမရှိပါချေ။ နဂိုမူလအေးစက်မှုန်မှိုင်းသည့် အသွင်အပြင်ဖြင့်သာ ဂါရဝပြုလိုက်သည်။ ထို့နောက် ဘုရင်၏နောက်တော်ပါး၌ သူ၏အချစ်တော်ချီရှန်းဖေးပါ လိုက်ပါလာသည်ကို လင်းယွီတွေ့လိုက်ရ၏။ သို့သော် လင်းယွီက သူမကို အရေးတယူလုပ်၍ကြည့်မနေ…။ ရှင်ဘုရင်ထံသို့သာ တည့်တည့်ကြည့်ရှုမိ၏။

"မဟုတ်ပါဘူး။ အရှင်မင်းကြီး အနေရခက်မှာစိုးလို့ပါ။ "

"သည်ဇနီး သည်ခင်ပွန်းကြားမှာ အနေရခက်စရာ ဘာများရှိလို့လဲ? ကိုယ်တော်ကတော့ အဆင်ပြေပါတယ်။ "

"ဒါဆိုရင်လည်း… အရင်ကြွပါ"

"ရှန်းဖေး~ မင်းရဲ့ဝေါယာဉ်ဆီကို သွားလိုက်တော့ သစ်တောကိုရောက်မှ  တွေ့ကြတာပေါ့။ "

"ဟုတ်ကဲ့ အရှင်မင်းကြီး ဒါဆို ကျွန်တော်မျိုးမ သွားလိုက်ပါဦးမယ်။"

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now