အပိုင်း-၂

1.2K 112 2
                                    

ဧကရီအဖြစ်သို့ရောက်ရှိခြင်း

လင်းယွီယခုတလော မအားလပ်ပါ။

နန်းတော်ရာသို့သွား၍ ဧကရီ့ကျင့်ဝတ်တို့အား သင်ယူရသည့်အပြင် နန်းတော်တွင်းအမျိုးသမီးရေးရာ လက်ဖက်ရည်ပွဲတို့ကြောင့် နန်းတော်သို့ စုန်ချည်ဆန်ချည်ကူးလူးနေရသည်မို့  လင်းယွီ၏ အေးချမ်းဆိတ်ငြိမ်သည့် နေ့ရက်တို့က ကုန်ဆုံးကုန်ရ၏။  အကဲခတ်ကြည့်သမျှ မယ်တော်ဖုရားသည်ကား လင်းယွီအပေါ်မနှစ်မြို့ဟန်ပေါ်၍ ကိုယ်လုပ်တော် မောင်းမအပေါင်းအဖော်တို့သည်ကား မယ်တော်ဖုရား၏ အပြုအမူကြောင့် လင်းယွီအား ထိကပါးရိကပါးပင်ပြုရဲကြပေ၏။

လင်းယွီက ရဲတင်းလှသော သွက်လက်လက်မိန်းမပျိုတို့ကဲ့သို့ မဟုတ်သလို အိန္ဒြေဖြင့် သိမ်မွေ့လှသည်လည်းမဟုတ်။
သို့နှင့်  အိမ်ထောင်မှုသင်တန်း၊ဧကရီသင်တန်းသည် လင်းယွီအဖို့ခက်ခဲလာရ၏။
ထို့အတူ လက်ဖက်ရည်ပွဲသည် ငြီးငွေ့စရာ ပွဲအခမ်းအနားတစ်ခုဖြစ်လာခဲ့သည်။

ယနေ့တွင်လည်း တော်ဝင်လက်ဖက်ရည်အား သုံးဆောင်၍ အတုဖက်သည့် ရယ်သံလှိုင်လှိုင်တို့ကြား လင်းယွီ စိတ်အိုက်နေခဲ့ရပါရ၏။

"မယ်မယ်ဖုရား ဒီကိုယ်လုပ်တော်ကို ဗွေမယူပါနဲ့နော်။ "

"မဟုတ်တာကွယ်။ ဘာကို ဗွေယူရမှာလဲ? မင်းက ငါ့သမီးလိုပါပဲ။ "

နောင်ဖြစ်မည့်ဧကရီ၏ ေ့ရှတော်မှောက်၌ သမီးချွေးမဇာတ်ပိုင်နိုင်စွာကနေသည့် ကိုယ်လုပ်တော်ယန်နှင့် မယ်မယ်ကြီးအား လင်းယွီက အာရုံပင်မပြုမိ။ သူမ၏စိတ်အစုံက နန်းတော်ဥယျာဉ်မျှ ဆယ်မျိုးရောင်စုံပန်းအလှတို့ကိုသာ…… အာရုံတိမ်းညွှတ်လျက်……
သူမက ပန်းပျိုးရသည်အား ဝါသနာထုံသည်မို့ ဤသို့အရောင်စိုသည့် ပန်းအများအပြားအား ယုယပျိုးထောင်ရသည့်် နည်းလမ်းအား သိချင်လွန်းလှသည်ကြောင့် ထိုနည်းတို့အား စဉ်းစားနေမိခြင်း…
လက်ဖက်ရည်ပွဲသည်ကား သူမနှင့် လုံးလုံးမသက်ဆိုင်သကဲ့သို့……။
ကိုယ်လုပ်တော်တို့၏ ရယ်သံလွင်လွင်ကသာ ဥယျာဉ်ဆောင်တော်၌ ပျံ့လွင့်နေပါ၏။

"ဒါနဲ့ ဧကရီအလောင်းအလျာက တိတ်ဆိတ်နေတာပဲနော်။ ဒီအသုံးမကျတဲ့ ကိုယ်လုပ်တော်တွေကို စိတ်အနှောင့်အယှက်ဖြစ်ရလို့လား?"

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now