အပိုင်း -၁၃

1.2K 134 3
                                    

ထူးဆန်းသောလူတစ်ဦး




"အရှင်မင်းကြီး!!!"

စစ်သူကြီးတွေက မီးရှူးတိုင်ဖြင့် အချက်ပေးလာသည့် ရှန်းဖေးမယ်မယ်ညွှန်ပြရာအတိုင်း ပျောက်ဆုံးနေသည့် ရေမြေ့အရှင်အား ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေသည်က နာရီအတော်ကြာခန့်...
အချိန်ကြာလေ စိုးရိမ်စိတ်ပိုလာကြလေ ဖြစ်ရသော်ငြား နောက်ဆုံးတွင်မူ သစ်ရိပ်တောတစ်ခု၌ လဲပြိုကျနေသော အရှင်သခင်အား တွေ့လိုက်ရပေတော့၏။ ဒဏ်ရာရသွားပေသည်လားဟု အပြေးအလွှား စိုးရိမ်တကြီး ကြည့်ရှုစစ်ဆေးကြသော်ငြား ဝိညာဉ်မဲ့လူပမာ အရှင်သခင်က တုံ့ပြန်မှုရှိမလာ...။ စစ်သူကြီးရွှီဖုန်းက ညီမငယ်အတွက် စိုးရိမ်စိတ်ပိုနေမိသော်ငြား အရှင်သခင်ကိုအလျင် အမေးစကားပြုမိ၏။

"အရှင်မင်းကြီး အဆင်ပြေပါရဲ့လား?"

"ချန်းလင်းယွီကိုရှာ~ "

"!!!!"

"ပြောတာမကြားဘူးလား ချန်းလင်းယွီကိုရှာလို့!!"

ဟန်ကျင်းရှန်း၏လေသံက နဂိုမူထပ်မာကြောလျက်ရှိနေသည့်အခါ စစ်သူကြီးအချို့က မျက်နှာပျက်ကုန်ကြရသည်။ သူတို့က တိုင်းပြည်မိခင်နှင့်ဖခင်အား စောင့်ရှောက်ကြရမည်ဖြစ်သော်ငြား ပျက်ကွက်ခဲ့ကြသည်လေ။ မည်သူကမှ မလှုပ်ရှားခင်၌ ချန်းရွှီဖုန်းက အမိန့်နာခံဟန်ဖြင့် အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။

မြေမှုန့်အထွေထွေလူးသည့် ဓါးကိုကောက်ကိုင်ရင်း မတ်မတ်ရပ်ဟန်ပြုသည့် ရေမြေ့သခင်ကြောင့် တပ်သားရဲမက်များက အပြစ်ရှိဟန်ခေါင်းငုံ့ကြလျက်...။
ပျောက်ဆုံးနေသည့် ဧကရီအား လိုက်ရှာခြင်း၌ မိမိကိုယ်ကိုပင်မမှုနိုင်သည့် ဧကရာဇ်ကြောင့် တပ်မဟာသည်လည်း ရှာဖွေနေသည်က နာရီအတော်ကြာမျှ...။ တောတောင်တခွင်စစ်ကြောပြီးသည့်နောက် တပ်မှူးတစ်ဦးက အလျင်စလိုသတင်းပို့လာပါ၏။

"သတင်းပို့ပါတယ်။ မယ်မယ်အသုံးပြုတဲ့လေးတံကို ချောက်ကမ်းပါးမှာ ရှာတွေ့ခဲ့ပါတယ် အရှင်မင်းကြီး"

ထိုတပ်မှူး၏လက်တွင်းမှ လေးတံကိုကြည့်ကာ ဟန်ကျင်းရှန်းမဟုတ်ပါစေနှင့်ဟု ဆုတောင်းမိသော်ငြား သူဆောင်ယူမိသော လေးညှို့တံက ဆုတောင်းကိုဆန့်ကျင်၏။ ဆိတ်ကတိုးသားရေလေးညှို့က သူမ၏မူပိုင်ဆိုသည်အား သတိထားမိသကဲ့သို့ ထိုလေးတံ၌ ပေရေနေသော သွေးစသွေးနတို့က တစ်စုံတစ်ရာသောဖြစ်ပျက်မှုကို ရည်ညွှန်းနေ၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now