အပိုင်း -၁၀

867 89 0
                                    

ဇာမဏီ၏ ကံကြမ္မာ~

ရှင်းချန်းသက္ကရာဇ် ၂၅၇
ယုန်နှစ်…၁လမြောက် ၁၂ရက်

လေးနှစ်ဟူသော အချိန်ကာလသည် လင်းယွီ၏အချိန်ယန္တရားသို့ တိုက်စားပြိုပျက်သွားခဲ့သည်က ယမန်နေ့တစ်နေ့ကကဲ့သို့…။

မှော်ဆန်ဆန် ပြီးဆုံးသွားခဲ့သော
လေးနှစ်အတွင်း ဤနန်းထည်ဝါ၌ လင်းယွီအေးအေးချမ်းချမ်း ဆိတ်ငြိမ်စွာ နေထိုင်ခဲ့ရပါသည်ဟုဆိုလျင် ညာနေသည်ဟုပဲ သတ်မှတ်ရမည်ဖြစ်သည်။

ဆယ့်ခြောက်နှစ်မြောက် မွေးနေ့တွင် အဆိပ်ခတ်ခံခဲ့ရသည်က လင်းယွီ မရဏလမ်းသို့ မြန်းရလုနီးနီး…။
ဆယ့်ခုနှစ်နှစ်တွင် ကိုယ်လုပ်တော်ချင်သတ်သေမှု၌ ချောက်ချခံရ၏။
ဆယ့်ရှစ်နှစ်တွင် မယ်တော်ကြီးထံက မရိုမသေ မလေးမစားပြုမူသည်ဟူသော အကြောင်းအချင်းရာဖြင့် ရေခဲနန်းဆောင်သို့ ပို့ခံလုနီးနီးဖြစ်ခဲ့သည်။ ပြီးလျင် လင်းယွီ၏ စိတ်ထိခိုက်ဖွယ် ကြောက်မက်ဖွယ် အမှန်တရားတစ်ခုသည်လည်း ခြောက်ခြားဖွယ်ကောင်းလောက်အောင် အရိပ်ကြီးစိုးခဲ့၏။ သို့သော် လင်းယွီ၏ကံတရား~ ယုံကြည်မှု၊ နဂိုမူလစိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့်အတူ လောက၌မားမတ်မတ် ရပ်တည်နိုင်ခဲ့သည်။
ရှင်ဘုရင်??
ထိုသူသည်ကား လေးနှစ်တာ၌ တိုင်းပြည့်အရေးကို တိုင်ပင်မှုပြုလင့်ကစား လင်းယွီအပေါ်အမြဲတစေ ဘာသိဘာသာပြုမြဲပါပေ။
သို့သော် လေရှူခိုက်ပင် အဆိပ်မိနိုင်ပါသည့်ဤနေရာ၌ အေးဆေးဆေးနေခဲ့ခြင်းအား လင်းယွီ တဖြည်းဖြည်းအသားကျလာခဲ့ရ၏။

"မယ်မယ်~  ယွီဟွားမင်းသမီးလေး ရောက်လာပါတယ်။ "

"ထပ်လာပြန်ပြီလား??"

လင်းယွီ စုတ်တံတသွယ်ဖြင့် စာရေးနေခြင်းအမှုကို ရပ်ဆိုင်းလိုက်ကာ စိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်မိ၏။
ဤမင်းသမီးလေးက လင်းယွီအထူးတလည် ချစ်ခင်ခဲ့သည်လည်း မရှိပဲနှင့် အားရှိလျင် မိဖုရားမယ်မယ်ဆီသွားမည်ဟုပဲ ဂျီကျနိုင်လွန်းသည်။ အသက်အရွယ်လေးနှစ်ဟူသည့် ကာလအသက်အရွယ်နှင့်မှမလိုက် အလွန်ဉာဏ်ပြေးကာ ထိုကလေးမ၏ဖခမည်းတော်ကလည်း  ထိုကလေးပုစိမကို အလွန်ချစ်မြတ်နိုး၏။ ထိုကလေးမကြီးပြင်းလာကတည်းက မွေးအမေထက် လင်းယွီကိုသာပို၍ ကပ်ချင်နေသည်ကြောင့် လင်းယွီမှာ ကလေးမချစ်သော်ငြား ငြင်းမရပြုမရ ငြိမ်နေရခြင်း…။ ယခုတွေးနေရုံပင်ရှိသေး ပန်းနုရောင်ဝတ်ရုံလေးနှင့် လုံးလုံး၊လုံးလုံးပြေးလာကာ လင်းယွီ၏ဧကရီဝတ်ရုံစွန်းအား လာရောက်ဆွဲကိုင်လေ၏။

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Hikayelerin yaşadığı yer. Şimdi keşfedin