အပိုင်း-၁၇ [Z+U]

2K 274 15
                                    

"ဇာမဏီလော ကြမ္မာဆိုးလေလော " (၁)


လင်းယွီ လမ်း၌ဖူယိရွှယ်နှင့်စကားဆိုနေစဉ်အတွင်း  တစ်စုံတစ်ဦး၏အကြည့်တို့အား ခံစားမိ၍ သေရည်ဆိုင်ဘက် လှမ်းမျှော်ကြည့်မိသည့်အခါ မျက်နှာအများအပြားအနက်မှ ရင်းနှီးနေသည့်တစ်စုံတစ်ဦး၏မျက်နှာကြောင့် သူမနှုတ်ဖျားမှ ဝမ်းသာမိသွားသည့် စကားတစ်ခွန်းထွက်ပေါ်လာရ၏။

"သူရဲကောင်းလင်း?? "

"????? "

အေးစက်တင်းမာသောစရိုက်ရှိသည့် လင်းယွီသည် မိမိအပေါ်ကျေးဇူးရှိဖူးသူကိုမူ မရရအောင်ပြန်လည်ပေးဆပ်တတ်သည့် အကျင့်ရှိသည်မို့ ပိုင်ဖုန်၌မိမိ၏သေလုနီးနီးအသက်အား ကယ်တင်ပေးခဲ့သည်ထိုကယ်တင်ရှင်ကို အမြင် ဝမ်းသာမိရ၏။ ထိုသူကမလိုဘူးဟုပဲဆိုစေ သူမအတွက်မူ ကျေးဇူးရှိလျင် ပြန်လည်ပေးဆပ်ရမည်ပဲဖြစ်သည်မို့  စစ်သူကြီးအိမ်တော်မှ သခင်မလေးကိုနှုတ်ဆက်ကာ သေရည်ဆိုင်ဘက်သို့ခြေလှမ်းပြင်မိ၏။

"သခင်မလေးဖူ ကျွန်တော့်ကိုခွင့်ပြုပါဦး အသိမိတ်ဆွေတစ်ဦးနဲ့ သွားရောက်တွေ့ဆုံလိုက်ပါဦးမယ်"

ဖူယိရွှယ်မည်သို့မှမတုံ့ပြန်နိုင်ခင်၌ လင်းယွီက လျန်ဟွားသေရည်ဆိုင်သို့ပြေးသွားပြီဖြစ်ကာ သူမရှေ့၌အရိပ်ပင်ရှာမတွေ့တော့။ ဖူယိရွှယ်တစ်ယောက် လိုက်သွားချင်သော်ငြား အိမ်တော်မှအဖေ့ဒေါသကိုကြောက်ရ၍ နောက်ကြောင်းလှည့်၍ ပြန်ရန်သာတတ်နိုင်ပေတော့သည်။ သူမ၏စိတ်တွင်း၌မူ ထိုသခင်လေးနှင့် နောက်တစ်ဖန်ဆုံတွေ့နိုင်ပါစေဟု မျှော်လင့်လျက်……။

လင်းယွီဝင်လာသည်အား အဝေးမှသည်လှမ်းမြင်နှင့်ပြီးသား ထို ထူးဆန်းသည့်လူသားလင်းယန်က မည်သို့မှမတုံ့ပြန် သောက်လက်စ သေရည်ကြွေခွက်ငယ်ကိုသာ ပင့်မြှောက်ရင်း အေးအေးလူလူပင်ရှိနေသည်။
လင်းယွီသည် ထိုအဖြူရောင်ဝတ်ရုံနှင့်သူရဲကောင်းရှေ့သို့ ရောက်သည်နှင့် လက်နှစ်ဖက်ဆုပ်လျက် ရိုသေကျိုးနွံစွာအလျင်နှုတ်ဆက်လိုက်၏။

"သူရဲကောင်းလင်း~ "

"မင်းက?? "

"ပိုင်ဖုန်မှာတုန်းက သူရဲကောင်းလင်းကယ်တင်ခဲ့တာ ကျွန်မပါပဲ။ "

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now