အပိုင်း -၁၂

992 103 0
                                    


ရဲရင့်သောသွေး~
လှပသောဇာမဏီ

"!!!!"

"ပစ်မှတ်ထိတယ်။"

အရှိန်အဟုန်ဖြင့် ခွင်း၍သွားသောမြှားကြောင့် အလွန်သန်စွမ်းကြီးမားလှသော သမင်ဖိုကြီးခမျာ  ချက်ကောင်းထိသဖြင့် တုံးခနဲလဲသွားရလေသည်။
နောက်တော်ပါးကုန်းကုန်းက အားရဝမ်းသာ ကြေငြာသမှုပြုသော်ငြား မြင်းပေါ်မှနေ ပစ်မှတ်ကိုပစ်နိုင်လိုက်သည့် ကာယကံရှင် ဧကရီမှာမူ ဂုဏ်ယူခြင်းအလျင်းကင်းလျက်…။ အေးစက်စက် မျက်နှာနှင့်ပင် မြင်းဇက်ကြိုးကိုဆွဲကာ အခြားတစ်နေရာသို့ ထွက်ခွာသွား၏။ သူမ၏အမူအရာကိုအမြင် ဝမ်းသာအယ်လဲဟန်ဖြင့် ရှိနေရစ်သည့်ကုန်းကုန်းက ထူအမ်းအမ်းဖြစ်သွားရသော်ငြား ချန်းရွှီမင်ကမူ ညီမတော်မိဖုရားမယ်မယ်၏ စိတ်ကိုနားလည်စွာဖြင့် ကုန်းကုန်းကို သားကောင်အား သယ်ယူသွားရန်သာ အချက်ပြလိုက်၏။
ရဲမက်သေနဟာအပေါင်းတို့သည်ကား
အနှီတော်ဝင်အမျိုးသမီး၏ စွမ်းရည်ကို မယုံနိုင်ဖွယ်ပင် မျက်လုံးပင်သပ်ယူရ၏။ သူမသည် တောဝက်တစ်ကောင် ဆတ်တစ်ကောင်နှင့် သမင်ဖိုတစ်ကောင်တို့အား မြှားတစ်စင်းသာသုံး၍ သတ်ခဲ့သည်ပေ။ သူမသာအမျိုးသမီးမဟုတ်ခဲ့လျင်မူ စစ်သူရဲတစ်ယောက်ပင်ဖြစ်နေလေရော့မည်။ သို့ပေသိ သူမက ဂုဏ်အင်တို့အား ဆာလောင်မှုအလျင်းမရှိစွာပင် အခြားတစ်နေရာသို့သာ ထွက်ခွာသွားသည့်နောက် နောက်တော်ပါးရဲမက်တွေသည်လည်း
ထပ်ကြပ်မကွာ လိုက်ပါရတော့၏။

ချန်းရွှီဖုန်းကမူ လင်းယွီ၏မြင်းဖြူကြီးနံဘေးကပ်လျက်မှ မြင်းကိုနှင်လျက်လိုက်ပါကာ အခြားသူတို့မကြားစေရန် ခပ်တိုးတိုးစကားဆိုလိုက်၏။

"မယ်မယ် တောနက်ထဲသွားလို့ မဖြစ်ပါဘူး။ "

"သိတယ်။ "

"ဒီအရေအတွက်လောက်ဆို တော်ပြီပဲမဟုတ်ပါလား တော်ကြာ မယ်မယ်က စွမ်းဆောင်တာပိုများနေရင် အရှင်မင်းကြီး မျက်နှာပျက်နေရပါဦးမယ်။ "

"သူတို့ရဲ့အကြံအစည်တွေက ဘယ်လိုတွေလဲ သိချင်မိသေးတယ်။ ဒီအချိန်ဆို တို့ကိုသတ်ဖို့ဘာတွေများ လုပ်နေပါလိမ့်လို့~ ဝမ်းကွဲအကိုကရော မသိချင်ဘူးလား?"

Phoenix in the Flame(မီးလွ်ံႀကားက ဇာမဏီ)Where stories live. Discover now