" လင်းယွီ၏ကြောက်ရွံ့မှု"
လင်းယွီအိပ်ခန်း၌ရှိနေစဉ် မိုးဖွဲလေးများက ထက်ကောင်းကင်မှသည် နေရာအနှံ့ဆင်းသက်လာသည်မို့ ပြတင်းပေါက်မှနေ ငေးရှုရင်း လက်ကိုဆန့်တန်းလိုက်မိသည်။ အေးစက်စက်အထိအတွေ့က လက်ဖျားသို့ကျဆင်းလာသည့်နောက် လင်းယွီမှာ ထိုမိုးဖွားလေးများအား ခံစားချက်မဲ့စွာငေးနေခဲ့ရုံမှအပ……
သို့သော် သူမ၏နှလုံးသား၌မူ ဖြေရှင်းမရသော ပုစ္ဆာများက အမြောက်အမြားထင်ဟပ်နေခဲ့ပါ၏။
သစ်နီဘောင်ခတ်သည့်ပြတင်းပေါက်ကို ဆုပ်ကိုင်ထားရင်း အပြင်သို့ငေးနေသည့် လင်းယွီကို မီးဖိုဆောင်မှပြန်လာသည့် အားလန်က အမေးပြုလာ၏။"မယ်မယ် နေ့လည်စာသုံးဆောင်တော့မလား"
"ခဏနေမှပဲ အခုတော့ ငါအနားယူချင်တယ်။ "
"ဟုတ်ကဲ့ ~ "
အားလန်က လင်းယွီ မည်မျှပင်အေးစက်ခက်ထန်နေပါစေ အခြေအနေအရိပ်ကဲကို နားလည်သည်မို့ စိတ်မကြည်သည့် လင်းယွီကြောင့် အသာနောက်ဆုတ်ရင်း အိပ်ခန်းဆောင်တံခါးကို စေ့ပိတ်ကာ အပြင်သို့ထွက်ခွာသွားတော့သည်။ တံခါးရှေ့၌ စောင့်ဆိုင်းနေသည့် ဧကရီနန်းဆောင်မှအပျိုတော်လေးကိုလည်း မိဖုရားအား မနှောင့်ယှက်ရန် သတိပေးပြီး သူမလည်းသင့်တော်ရာ၌သာ နေနေလိုက်တော့သည်။ လင်းယွီကစိတ်ရှုပ်လာလျင် မည်သူနှင့်မှအဆက်အဆံ မလုပ်ချင်မှန်းသူမသိသည်မို့ အခြားသူများကိုလည်း ဝင်ရောက်မနှောင့်ယှက်ရန် မှာကြားထားလိုက်တော့၏။
လင်းယွီသည်လည်း အားလန်ထင်မှတ်ထားသည့်အတိုင်း မည်သူနှင့်မှစကားဆိုချင်စိတ်မရှိပါချေ။ လက်ဖမိုးမှအမှတ်အသားငယ်ကို ပွတ်သပ်ရင်း မိုးဖွဲများကျဆင်းကာ ဝေဝါးမှုန်မှိုင်းနေသည့်ပတ်ဝန်းကျင်ကို ငေးကြည့်နေခဲ့ကာ သူမ၏ထုံးမူအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်……။ သူမ၏မျက်ဝန်းညိုညိုများက ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လာသည့်နောက် မြင်လွှာကိုတိပစွာစေ့မှိတ်ထားမိလိုက်၏။ သို့သော် သူမ၏နှလုံးသားကိုမူ ပိတ်ထားနိုင်ခြင်းအလျင်းမရှိခဲ့ပါချေ။
YOU ARE READING
Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)
Historical Fiction#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင် အေးစက်စက်ဧကရီဆီက အငြင်းခံခဲ့ရတဲ့ ဧကရာဇ်~ သုံးထောင်သော မိန်းမလှတွေကို ဧကရာဇ်နဲ့ ပေါင်းဖက်ရေးကို အလှည့်ကျ ဘယ်လိုစီစဉ်ရမလဲ တွေးနေတတ်တဲ့ ဧကရီ~~