Episode - 3

7.4K 616 23
                                    

[UNICODE]

လူအများအပြားတက်ရောက်ရာ ကျောင်းကြီး က ဘာလို့ ကျွန်တော်အတွက် အမြဲလိုလို ပျင်းဖို့ကောင်းနေသည်လဲမသိ။

အပေါင်းအသင်းမရှိလို့ပဲနေမယ်။

ဟူး......ခုထိကိုမတွေ့နိုင် သေးဘူး ရုံးခန်းကလည်း ။

"ကျစ်.."

စိတ်ရှုပ်စွာဖြင့် ငြီးငြူမိတယ်ထင်ရဲ့။

စိတ်ညစ်လာလို့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့အချိန် ရုတ်တရက် "ဟိတ်" ဆိုတဲ့အသံနဲ့ ပခုံး ပေါ်က လေးလံမှုတစ်ခု ။

စိတ်ညစ်နေတဲ့အချိန်ဆိုတော့ ဒေါသက ထောင်းခနဲ။

နောက်လှည့်ကြည့်တော့။စောနက.....အရှက်မရှိတဲ့လူ။

" မင်းငါ့ကို လာဖက်ရလောက်အောင်ထိ ငါတို့မရင်းနီးဘူးထင်တယ်"

လို့ပြောပီးသူ့လက်အားပုတ်ချလိုက်သည်။

"ခုမရင်းနီးသေးပေမယ့် နောက်ရင်းနီးလာမှာပေါ့ဗျာ စိတ်ကြီးပဲ "

"စိတ်ကူးယဉ်မနေနဲ့ ''

"ကူညီမလို့ပါ...ရုံးခန်းမတွေ့ဘူးမလား လိုက်ပြမယ်လေ"

" အဟမ်း ဒါဆိုလည်း ပြီးရောလေ"

"Give and take တော့ရှိတယ်"

"ဘာကို give and take လဲ "

"Aww လွယ်ပါတယ်... ကျွန်‌တော်က ရုံးခန်းလိုက်ပြပေးမယ်...ခင်ဗျားက ကျွန်တော့်ပါးကို နမ်းရမယ်....ဘယ်လိုလဲ "

ကျွန်တော် လည်းစချင်တာနဲ့ပဲ စလိုက်မိတာပါ ။ဟိုမှာ မျက်နှာကြီးနီရဲပီးရှက်နေပြီ။

"ဟားဟားစတာပါဗျာတကယ်မလုပ်ခိုင်းပါဘူး...ကျွန်တော့် သူငယ်ချင်းလုပ်‌‌ ပေးရမယ်လို့ပြောတာ "

"ရ...ရပါတယ်...သူငယ်ချင်းလုပ်လို့ အခုတော့ ရုံးခန်းအရင်လိုက်ပြဦး''

"Ok လေ လာအနောက်ကလိုက်ခဲ့ "

ကျွန်တော့်နောက်ကနေဖြည်းဖြည်းချင်းလိုက်လာရှာပါတယ် ။ဒါတောင် ဟိုငေးဒီငေးနဲ့ ။

ရုံးခန်းရှေ့ရောက်တော့ကျွန်‌ေတာ့်အားလှည့်‌ေတာင်မကြည့်ပဲ တန်းဝင်သွားပုံများ။

Pain Of LOVEWhere stories live. Discover now