Episode _ 18

4.1K 346 38
                                    

[UNICODE]

Love can change minds
________________

အလိမ်အညာ တွေက ဘာအတွက်လဲ လို့မေးလာခဲ့ရင် ...။

ကျွန်တော်ကတော့ ပျော်ရွှင်မှုအတွက်လို့ဖြေချင်တယ်။

ကျွန်တော်လည်း ခံစားချက်ရှိတဲ့ အသွေးအသားတွေနဲ့ တည်ဆောက်ထားသည့် လူတစ်ယောက်ပင်။

သို့ပေမယ့် မတူတာက ဖန်တီးယူမှာပျော်ရွှင်ခြင်းရဲ့ အရသာအား သိရသည့်လူမျိုးမို့။

လုပ်ယူထားတဲ့အခြေအနေတွေက အလိမ်အညာတွေဆိုပေမယ့် သေသည်အထိတော့ မင်းတစ်ယောက်ထဲကိုပဲ ချစ်သွားမယ် ဆိုတာကိုတော့ မုသားမပါပဲ ကျိန်ဆို နိုင်ပါတယ်။

ကျွန်တော့်ရဲ့ အလိမ်အညာကြောင့် သူ့ရဲ့ချစ်ရသူအား မေ့လျော့ထားနိုင်သည်မဟုတ်ပါလား ။

အနည်းဆုံးတော့ သူချစ်ရတဲ့လူကြောင့်မနာကျင်ရရင်တော်ပါပြီ။

ကျွန်တော် ရွေးတဲ့လမ်းဟာ မှန်ပါတယ်။ လိမ်ညာနေမိတာတွေကလွဲလို့ ခံစားချက်တွေကတော့ စစ်မှန်လှသည်။

လိမ်ညာလိုက်ခြင်းကြောင့် လိုချင်ခဲ့သော ကြည်နူးမှုတွေကို သူနှင့်အတူ ခံစားရသောကြောင့် ပျော်သည်။

အကြောင်းကတော့ သူဟာ ကျွန်တော် သိပ်ချစ်ရပါသော ကောင်လေး ဖြစ်နေသောကြောင့်ပင်။

မဟုတ်သေးပါဘူး။ ဒီကောင်လေးကို ကျွန်တော်က ချစ်တာထက်ကို ပိုပါသည် ။

ယခုလည်းကြည့်ပါလေ လက်ထဲ၌ နွားနို့များထည့်ထားသောခွက်လေးအား အသေအချာ ကိုင်၍ တဖူးဖူးနှင့်မှုတ်ပြီးသောက်နေသည်မှာ တကယ့်ကို ကလေးလေးအတိုင်းပင်။

ကျွန်တော်သိခဲ့တဲ့ ချာတိတ်မှ ဟုတ်ပါလေစ။

ယခုလို ပုံစံလေးကြောင့် ကျွန်တော့်မှာ ချစ်မဝဖြစ်နေရခြင်း။

နဂိုတည်းက ချစ်ဖို့ကောင်းရဲ့သားနဲ့ ဘာလို့ဆိုးနေရတာလဲ ချာတိတ်ရယ်။

"hyung ! "

" ဟင်.. အာ.. ဗျာ ဗျာ "

"ကျွန်တော်ခေါ်နေတာကြာနေပြီလေ မကြားရအောင်ဘာတွေတွေးနေတာလဲ"

Pain Of LOVEWhere stories live. Discover now