Episode _ 15

5.1K 427 105
                                    

[UNICODE]

TRUE LOVE INCLUDES
SELF LOVE TOO

_____________________

စိတ်ပူလွန်းသောကြောင့် ဘာမျှ မတွေးနိုင်‌ တော့ခေါင်းထဲတွင်ရှိသည်က တစ်ယောက်တည်းဖြစ်သော jimin။

ဖုန်းထဲမှ တုန်ရီစွာ ငိုနေပါသာ ချစ်ရသူအသံ‌ ကြောင့် စိတ်အစဉ်တို့ပူလောင်မိသည်မှာ ကျွန်တော့်အမှားလား။

အချစ်က ပူလောင်ရလွန်းပါတယ်။

တစ်ခုခုပြောချင်ပုံရနေသောHyung အားသတိထားမိပါပေမယ့် အခြေအ‌နေမပေးသောကြောင့် ခေါင်းထဲရှိသည့် jimin ဆီကိုသာ အပြေးလာမိသည်။

အဲ့တာတွေကြောင့်ဝေးဝေးနေချင်ခဲ့တာပေါ့ hyungရယ်။

Hyung နာကျင်ရပြန်ပြီမလား ။

" ဟူး ... "

ဘာတွေထပ်ဖြစ်ပြန်ပြီလဲ။စောနကတင်အဆင်ပြေနေကြသည်မဟုတ်လား။

ဒေါသနှင့်စိုးရိမ်စိတ်တို့နှင့်အတူ ကားအားမိုင်ကုန်မောင်းနှင်လာမိပါသည်။

Jimin နဲ့ yoongi ကျွန်တော့်တိုက်ခန်း၌ နေနေကြသေး‌သည်ပင်

24ထပ်အားတက်ရန် elevator အားမစောင့်‌နိုင်တော့ဘဲ အရေးပေါ်လှေကားမှ ပြေးတက်လာမိသည်။

လူ‌မောတာဘာအရေးလဲ။သူကပိုအရေးကြီးသည်။

အခန်းရှေ့ရောက်တော မောဟိုက်နေပေမယ့် အခန်း Password အားအမြန်ဖွင့်လိုက်ပြီး။

"Jimin ! Jimin ဘယ်မှာလဲ ငါရောက်လာပြီ jimin !!"

အိပ်ခန်းတံခါးအား ဖွင့်၍ ရှာမိတော့မှ ကျုံ့ကျုံ့‌‌ လေးဖြင့် အသက်မပါ‌သောမျက်နှာနှင့် ထိုင်နေပါသောချစ်ရသူလေး။

"Jimin jimin!အဆင်ပြေရဲ့လား.....ဘာမှစိတ်မပူနဲ့တော့နော် ငါရောက်လာပြီ"

သူ့လက်မောင်းအားကိုင်လှုပ်၍ပြောတော့မှ ကျွန်တော့်အား မော့ကြည့်လာပါသော သူ့၌ ကျွန်တော်သဘောအကျဆုံးသော မျက်ဝန်းလှလှများပိုင်ဆိုင်ထား၏။

အသက်မဲ့နေခဲ့ပေမယ့် ငါ့အတွက်တော့ ကမာ..ပေါ်မှာအလှဆုံးသောမျက်ဝန်းပိုင်ရှင်တစ်ယောက်ဖြစ်နေဆဲပဲ jimin။
သို့ပေမယ့် အရင်ကထက်တော့ ရင်ခုန်သံတွေနှေးနေခဲ့တာအဘယ့်ကြောင့်နည်း။

Pain Of LOVEWhere stories live. Discover now