Episode _ 16

4.5K 381 72
                                    

[UNICODE]

I love you so much ...
I just want you to be happy
if that happiness doesn't
include me

____________________

ကျွန်တော် ဟာ သူမချစ်သော လူတစ်ယောက်။

ထိုသည်များအားသိနေပေမယ့် တစ်ခါလောက်ဖြစ်ဖြစ်ရူးမိုက်ကြည့်ခြင်းဟာ ကျွန်တော့် အား နောင်တ ရစေနိုင်မလား။

ဘာမှမလုပ်ကြည့်တာထက် ကြိုးစားကြည့်တာက လက်တွေ့ကျသည်လေ။

မင့် ကိုတောင် အားပေးကြည့်ပေးပြီးပြီပဲ။အခုက ကျွန်တော့်အလှည့်ပေါ့။

Kooကကျွန်တော့်ကို ပြန်မချစ်လာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။အဲ့အတွက် ကြိုးစားကြည့်မယ်။

သူပင်ပန်းနေရင် နားခိုလာနိုင်မဲ့ ရင်ခွင်တစ်ခုရှိနိုင်ဖို့။တခြားသူကြောင့် သူငိုနေခဲ့ရင် ငှားပေးနိုင်မယ့် ပုခုံး တစ်စုံရှိနေနိုင်ဖို့။သူလိုအပ်ချိန်တိုင်း ရှိပေးနိုင်မယ့် တစ်စုံတစ်ယောက်ဖြစ်နိုင်ဖို့။

သူ့ကို ကျွန်တော်ကသာလျှင် အချစ်ဆုံးလူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားသင့်ပြီ။

Hobiနှင့်ဖုန်းပြောပြီး၍အိမ်ထဲသို့ပြန်ဝင်လာပြီး အခန်းထဲ၌ ထိုင်နေစဉ် ဝင်လာသောအတွေးများကြောင့် ပြုံးမိသေးသည်။

ထို့နောက် လက်တို့သည်ဖုန်းနံပါတ်တစ်ခုဆီသို့ဆော့ကစားလျက်။

ထိုဖုန်း‌လေးအားဆက်သော်လည်း တစ်ခါလည်းမကိုင် နှစ်ခါလည်းမကိုင် သုံးခါမြောက်မှ ကြားချင်နေခဲ့သောအသံလေးကြောင့် မျက်ရည်တောင်ဝဲမိသည်အထိ။

"Hello hyung"

" အင်း....koo"

"ဘာပြောမို့လဲ"

"အော် ...မင်း အခုအားလားလို့ပါ..."

ဘာမှပြန်မပြောလာသည့် သူ့ကြောင့်။

" Hello ချာတိတ် "

" အင်း ကျွန်တော်လည်း hyungကိုခေါ်တော့မို့ပဲ"

အကြောင်းအရင်းမရှိပဲကျွန်တော်ပြုံးမိသည်။

" Hyungကအရင်ခေါ်ဖြစ်သွားတာပေါ့ "

Pain Of LOVEWhere stories live. Discover now