Episode _ 23

4.3K 386 67
                                    

[UNICODE]
L

osing someone special changes you a lot ...

___________________

အချိန်ကိုကြည့်မိတော့လည်း 7 နာရီပင်ထိုးနေပြီ။

ညနေကတည်းက ထွက်သွားတဲ့ tae ပြန်လာမှာကို စောင့်နေမိသည် ။

ထိုနေရာ၌ပဲမလှုပ်မယှက် ။

ကျွန်တော်ထွက်ရှာလျှင် လွဲသွားမှာစိုးသောကြောင့် ထိုနေရာတွက်ပဲ စောင့်နေမိသည်။

Tae ပြန်လာမယ်မလား ... ။

ကျွန်တော် စောင့်နေတယ်လေနော် ။

"Tae ပဲ ဘယ်လိုအကြောင်းကိစ္စမျိုးတွေဖြစ်လာပါစေ ကျွန်တော့်ကို ထားမသွားဘူးဆို ..."

စို့နင့်မွန်းကျပ်နေသည့်ရင်ဘက်တစ်စုံအားဆုပ်ကိုင်၍ ထပ်ကာထပ်ကာငိုနေမိသည်။

တကယ် ထားသွားခဲ့ပြီလား tae ။

ကျွန်တော့်ဆီက ဖြေရှင်းချက်တွေကို နားမထောင်ချင်တော့အထိ ကျွန်တော့်ကိုမုန်းသွားပြီလား ။

ကျေးဇူးပြုပြီး ဒီလိုကြီးမထားသွားပါနဲ့ဗျာ ။

ကျွန်တော် နာကျင်ရလွန်းလို့ရူးတော့မယ် ။

" ဒီနေရာကအရမ်းအောင့်လွန်းလို့ဘယ်လိုရပါ့မလဲ tae "

ကျွန်တော် ထင်ထားတာထက်ကိုပိုပြီး tae အပေါ် ခံစားချက်ရှိနေတာကို ကောင်းကောင်းကြီးသိပါပြီ။

ကျွန်တော် ကခွင့်လွှတ်ဖို့မထိုက်တန်တဲ့လူဆိုတာကိုလည်းသိတာမို့ ကျေးဇူးပြုပြီး ဒီလိုကြီးတော့ မထားသွားပါနဲ့လားဗျာ။

အဲ့အစားကျွန်တော့်ကို ရိုက်နက်ရုံမကလို့မုန်းချင်မုန်းလိုက်ပါ ထားမသွားပါနဲ့ ။

ခင်ဗျားကိုဆုံးရှုံးရမှာတော့သေမတက်ကြောက်တယ် tae ။

" ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ဆီပြန်လာပေးပါ "

ဖုန်းခေါ်တော့လည်းစက်ပိတ်ထားသည်ဟူ၍သာ ။

အချိန်က ၁၀ နာရီပင်ရှိပြီဖြစ်သောကြောင့် ကျွန်တော့်ရင်တွေပူလောင်လှပြီ ။

ထပ်မစောင့်နိုင်တော့ဘူး ။

Taeအားထွက်ရှာရန်ဆူံးဖြတ်ချက်ချအပြီး မက်တပ်ရပ်လိုက်ရာ ထိုးကိုက်နာကျင်လာသည့် ဦးခေါင်းနှင့်‌ကြောင့်ပြန်လဲကျသွားသည်။

Pain Of LOVEWhere stories live. Discover now