Episode - 8

5K 453 27
                                    

[UNICODE]

I hope that you find
someone who take cares
of every beat of your heart

___________________

" ကွာရှင်းလိုက်! ''

" Min yoongi ကိုကွာရှင်းလိုက်! ပြီးရင် ငါဆီလာခဲ့ပါ ငါမင်းကိုမမေ့နိုင်သေးဘူး jimin ချစ်တယ်''

"ဘာ! "

ကျွန်တော်မျှော်လင့်ထားတဲ့ jimin ရဲ့ အံ့သြမှု ဟာ အတိုင်းသား။

" Park jimin! ဒါ မင်းကို နောက်ဆုံးအကြိမ်နဲ့ပါ မင်းလည်းပင်ပန်းနေသလို ငါလည်းပင်ပန်းတယ် jimin မင်းလည်း...''

" တော်တော့ jeon! မင်းဘာမှ ဆက်မပြောနဲ့တော့ ''

ကျွန်တော့်စကားအား ဖြတ်ပြောပြီးနားနှစ်ဖက်ကိုပိတ်ကာ ပြောနေသော jimin အားကြည့်၍ ရင်နာရပါသည်။အချိန်ပြည့်ပေါက်ကွဲနေတက်သော ကျွန်တော့်ရဲ့ဒေါသကအစိုးမရ အခုလည်း ထိုသို့ပင်။ သူ့အားခပ်ကြမ်းကြမ်းဆွဲလှုပ်မိသည်။

"မရဘူး Park jimin! မင်း... မင်းနားထောင်ကိုထောင်ရမယ် ''

" မင်း အဲ့ကောင်ကိုချစ်သလို ငါလည်းမင်းကို ချစ်တာမင်းသိရက်နဲ့မင်းသူ့ကိုချစ်တဲ့အချစ်ကိုမမှီရင်တောင် မေလ်ာ့ဘူး jimin အဲ့တာကို မင်း...မင်းလည်းသိရဲ့သားနဲ့ ငါ မင်းကြောင့်နောက်ဆုတ်ခဲ့တာ jimin မင်းကိုအတင်းအကျပ် လက်ထပ်ခဲ့လို့ရတယ် ''

" မင်း...မင်းမကောင်းဘူး jeon အဲ့တာတွေကကြာခဲ့ပြီတော်ပါတော့ ''

" ဘာ ငါကမကောင်းဘူး ဟုတ်လား jimin!ဟား... ''

Jimin ရဲ့ စကားကြောင့် ကိုယ့်နားကိုယ်တောင်မယုံနိုင် ။
သူကကြာခဲ့ပြီဆိုပြီး မေ့လိုက်တာလား ။ ငါကအဲ့လောက်တောင်မင်းအတွက်အရေးမပါဘူးလား jimin။

ဝဲတက်လာသောမျက်ရည်တစ်ချို့အား မနည်းထိန်းထားရသည်။ တွေ့လား jimin မင်းနဲ့ပတ်သက်ရင်ငါ့မျက်ရည်တွေမကုန်သေးတာကို မင်းတွေ့ရဲ့လား ။

" ငါ့ကိုကြည့်''

"ငါ့ကိုကြည့်လို့ပြောနေတယ်လေ ''

Pain Of LOVEWhere stories live. Discover now