Episode _ 17

4.6K 381 77
                                    

[UNICODE]

_You mak my heart smile_

____________________

"Hyung...taehyung ကိုဖုန်းခေါ်လို့မရဘူး''

"အင်း...ငါလည်းခေါ်ကြည့်ပြီးပြီ မကိုင်ဘူး... ''

ကျွန်တော် စိတ်ထဲ၌ ဖုန်းမကိုင်သည့် Taehyung အားစိတ်ပူနေမိသည်။ နေများအတော်မကောင်းလို့လား။ဒါမှမဟုတ် အလုပ်များနေလို့ပဲလား။

ကျောင်းကိုလည်းရောက်မလာသောကြောင့် သူကျွန်တော်တို့ကိုအဆက်အသွယ်ဖြတ်သွားတာများလားလို့စိတ်ပူမိသည်။

Jeon... ။ Jeon လည်းအတူတူပင်။သို့ပေမယ့် Jeon က အရင်တုန်းကလည်းထိုသို့ပင်အဆက်အသွယ်မလုပ်ပဲနေတက်သောကြောင့်သိပ်ပြီးစိတ်မပူမိ။

"အဆင်ပြေရဲ့လား Taehyungie ရယ်...''

ကျွန်တော်နှင့် hyung ရဲ့ဆက်ဆံရေးကတော့ သူနဲ့ကျွန်တော် တူတူနေပြီးညတည်းက သိသိသာသာတိုးတက်လာသည်။

Taehyung သာသိရင်ဝမ်းသာမှာ။

သုံးလေးရက်လောက်အဆက်အသွယ်မရသောကြောင့်...ကျွန်တော်လည်း အလွန်ပင်စိတ်ရှုပ်ရသည်။

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် အိမ်၌သာနေ၍ ဘာ်မှလည်းမသွားဖြင့်။hyung လည်းထိုအတိုင်းပင်။

ကျွန်တော်လည်း တဖြည်းဖြည်း နှင့်စိတ်ညစ်လာသောကြောင့် အောက်ထပ်၌ စာဖတ်နေလောက်မည့် hyung ရှိရာစီသို့ဆင်းသွားမိသည်။

အောက်ထပ်မှာ hyung ကမာမီနှင့် ရယ်မောလျက်စကားပြောနေသည်။

ကျွန်တော်သည်လည်းအလိုလိုပြုံးမိသည်ထင်ပါရဲ့။

Hyung ရယ်ရယ်နေလိုက်တာများ။အရမ်းချစ်ဖို့ကောင်းလွန်းသည့် hyung ပါလေ။ အမြဲတမ်း ခင်ဗျားရဲ့အပြုံးတွေကိုမြင်တွေ့ရပါစေ။

ကျွန်တော်တို့ဘဝလေးသာယာစပြုနေပြီပဲ။ကျွန်တော်ပျော်ရတော့မှာပါနော် hyung။

ကျွန်တော်ရဲ့ မေတ္တာ ဟာနောက်ဆုံးတော့ရောင်ပြန်ဟပ် ခဲ့ပြီထင်ပါရဲ့။

သူလည်းတစ်သက်လုံးကျွန်တော့်ကိုမုန်းသွားဖို့ဆိုတာမဖြစ်နိုင်လွန်းပါသည်။ ကျွန်တော်ကိုယ်တိုင်ဟာလည်း နှလုံးသား တစ်ခုလုံးရင်းပြီး ချစ်ခဲ့ရသည်မဟုတ်ပါလား။

Pain Of LOVEWhere stories live. Discover now