Episode _ 14

5.1K 473 94
                                    

[UNICODE]

If you're sad;
I can be sad with you
__________________________

၃ပတ်။

ယနေ့ထိကျွန်တော်ဆေးရုံတက်နေရခြင်းမှာသံုးပတ်ပင်ပြည့်ခဲ့ပြီ။

ကြာကြာမနေချင်ပေမဲ့ hyungစကားကြောင့်သာသည်းခံနေရခြင်း။ဒဏ်ရာမှာလည်းအရမ်းကြီးမသက်သာသေးသည်မဟုတ်ပါလား။

Hyungပြောပုံအရဆို ကျွန်တော်တော်တော်ပိန်သွားသည်ဆိုပဲ။အနည်းငယ်ရှည်ချင်နေသောဆံပင်ကြောင့်လည်းပါမည်ထင်သည်။

မည်သည်ကိုမျှလုပ်ချင်ကိုင်ချင်စိတ်မှမရှိပဲ။မှန်တောင်ကြည့်ဖြစ်သည်မှမဟုတ်တာ။

အချိန်တိုင်းမှိုင်ထွေနေမိသည်။အကြောင်းကတော့ မပြောလည်းသိကြမယ်မလား။

ဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိသလို ထမင်းစားဖို့တောင်အနိုင်န်ုင်။hyungကိုအားနာ၍သာ။

ကျွန်တော့် ကြောင့် အလုပ်တစ်ဖက်နဲ့လူတွေလည်းအလုပ်ရှုတ်ကုန်ကြပြီထင်ပါရဲ့။

"ဟင်း...''

ယနေ့တစ်နေ့ထဲတွင် သက်ပြင်းချမိ‌သည်မှာ ရေတွက်၍ပင်မရနိုင်တော့။

ထိုင်နေသောကုတင်ပေါ်မှ တစ်ဆင့် ပြတင်းပေါက်ဘက်သို့ တွေဝေစွာငေးကြည့်မိတော့ ခပ်ဖွဲဖွဲ ရွာသွန်းနေဟန်ရှိသည့်မိုးစက်များ။

အင်း...အပြင်မှာဆိုအေးနေလောက်မလား။ထိတွေ့ချင်မိသည် ထိုမိုးရေစက်လေးများအား။

သူကော...။အဆင်ပြေရဲ့လား။

အဆင်ပြေမှာပါ။ထမင်းလည်းကောင်းကောင်းစားပြီးတော့ နွေး‌‌နွေးထွေးထွေးနဲ့ ကျန်းကျန်းမာမာ ရှိနေလောက်မှာပါ။

မင်း...ပျော်နေရဲ့လား koo။ သေချာပေါက်တော့ ပျော်နေမယ်မလား။

မင်းသူငယ်ချင်းတွေရော မင်းရင်နစ်အောင်ချစ်ရတဲ့လူကပါအနားမှာရှိနေတာပဲ ပျော်နေမှာပေါ့နော်။

Pain Of LOVEWhere stories live. Discover now