Episode - 4

6.9K 599 14
                                    


[UNICODE]

ဒုန်း....ဒုန်း...ဒုန်း...။

"Park Jimin!!!....Park jimin.... "

"တောက်!!!.....ဟျောင့်မင်းပြောတော့ရှိတယ်ဆို"

"မင်းကလည်းကွာ...ငါနဲ့စောနက ဖုန်းပြောလာတာပဲ.... ငါလည်းဘယ်သိမလဲကွ"

ကျွန်တော်နဲ့ hoseok ခု jimin တို့အိမ်ရှေ့မှာ။ဒီကောင်ဘာလုပ်နေလို့ တံခါးလာမဖွင့်တာလဲ။

"တောက်!!! "

"ဟာကွာ... ဟိုကောင်ဘာတွေနှိပ်ဆက်ထားပြန်ပီလည်းမသိဘူး"

Hoseok ရဲ့ စကားအဆုံးမှာ ဖြည်းဖြည်းခြင်းပွင့်လာတဲ့တံခါး။တံခါးရဲ့နောက်မှာ hoodie အဖြူအကြီးကြီးနဲ့ မျက်နှာမှာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း Park Jimin။

ကျွန်တော် သူ့ကိုသနားလွန်းလို့ကြောင်ကြည့်နေစဉ် hoseok က မျက်ရည်တွေအဝိုင်းသားနဲ့ jimin ဆီကိုပြေးဖက်ပီး။

"ဟျောင့် park jimin... မင်းယောကျာ်းမဟုတ်ဘူးလား....ဟမ်!!! သူနှိပ်ဆက်တိုင်းခံစရာလား မင်းကွာ"

ထုံးစံအတိုင်းအပြုံးတုဖြင့် jimin။

"ကျပ်သရေမရှိဘူး နှစ်ယောက်စလုံးအိမ်ထဲအရင်ဝင်"

မျက်ရည်မကျမိအောင် ထိန်းထားရတာ ပင်ပန်းလိုက်တာ jimin ရယ် ။

"ထိုင်ဦး ငါ အအေးဖျော်ပေးမယ်....မင်းတို့က ကျောင်းမသွားကြဘူးလား ပထမဆုံးရက်ကို"

"မင်းကရောဘာလို့မလာလဲ "

Hoseok ရဲ့ မေးသံအဆုံးမှာ သိသိသာသာ ပျက်ယွင်းသွားတဲ့ jimin ရဲ့မျက်နှာ။

"..ဒီလိုပါပဲ ငါ ခေါင်းနည်းနည်းမူးနေလို့။"

ကျွန်တော် သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားတဲ့အဆုံး...မတ်တပ်ရပ်နေတဲ့ jimin ရဲ့ နားသို့ လျှောက်သွားပြီး နည်းနည်းလျှောကြနေတဲ့ သူရဲ့ အကျီ°ကို ပခုံးကျော်ကျော်ထိ ဆွဲချလိုက်တော့ ထွက်ပေါ်လာတဲ့ ခါးပတ်ရာနဲ့ သွေးစို့နေတဲ့ ဒဏ်ရာတွေ ။

"အာ့"

"ဒါတွေကရော ဟမ် park jimin !!! ...မင်းကွာ နည်းနည်းလောက်ပဲဖြစ်ဖြစ်အသိစိတ် ဝင်စမ်းပါ "

Pain Of LOVEWhere stories live. Discover now