Episode _11

4.4K 449 64
                                    

[UNICODE]

it hurts to know
that you will never
look at me
the way
I look at you

_________________________

"မင်း ဦးနိုင်တုန်း ဦးထားဦးပေါ့ Jeon Junkookရာ ''

ညစ်ထေးနေသော စိတ်အစဉ်များ ဦးတည်သည့်နေရာက အိမ်ဆီသို့။ မသွားချင်ပေမယ့်လည်းသွားရမည်မလား ။ အန်တီရှိသေးသည်လေ။

အိမ်သို့ရောက်တော့ အန်တီကိုလည်း အရိပ်အယောင်မတွေ့သလို ဟိုကောင်ကိုလည်း အရိပ်အရောင်မတွေ့ ။ ကောင်းတာပေါ့ နားငြီးသက်သာတယ်။

အပေါ်သို့တက်ပြီးတော့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေချိုးရန်ပြင်လိုက်သည်။

Jeon Jungkook ဘာတွေ ကြံစည်နေပြန်ပြီလဲ။ ရိုးသားတဲ့ကောင်လေးမှန်းသိရက်နဲ့ ဘာလို့ကစားချင်ပြန်ရတာလည်း။

ဘာလို့လဲ။ဘာလို့လဲ။

"တောက်! "

ယောင်းငယ်။ ထိုကောင်လေးက အရမ်းရိုးသားလွန်းသည်။ အရမ်းကြီး မရင်းနှီးသေးပေမယ့် လူပေါင်းစုံနှင့်တွေ့ခဲ့ရသည့်သူ့အတွက်တော့ ယောင်းငယ်က အရမ်းကို ရိုးသားပြီးဖြူစင်လွန်းတဲ့ကောင်လေး။

ထို့ကြောင့်လည်း စတွေ့ကတည်းက ရင်းနှီးချင်မိသည်။

စိတ်ထဲမှာတော့ ယောင်းငယ်အပေါ် တခြားခံစားချက်ဟူ၍တိတိကျကျမရှိဘူးထင်ပါရဲ့။

ရေချိုးခြင်းကို အမြန် လက်စသက်လိုက်၍ ခါး၌ သဘက် တစ်ထည် ပတ်ပြီး အပြင်သို့ထွက်လာခဲ့သည်။

ရေချိုးတာ မည်မျှ ကြာသွားသည်မှန်းမသိ jimin တောင်ပြန်ရောက်နေပြီလေ။

ကျွန်တော့်အား ထိုအတိုင်းကြီးကြောင်ကြည့်နေသော သူ့ကြောင့် ရူးများနေတာလားဟုပင် တွေးမိသည်။

ကြာလာတော့ စိတ်အချဉ် ပေါက်လာပြီ ဖြစ်သော ကြောင့် jimin အား ငေါက်မိသည်။

"ဘာကြည့်နေတာလဲ''

သူပြောလိုက်တော့ jimin က ထိုင်နေရာမှ ချက်ချင်းထလာ၍ သူ့နားသို့ကပ်လာပြီး ပြီတီတီရုပ်နှင့်။

"လှလို့ ''

"ဘာ!Park Jimin!မင်း အခုချက်ချင်းငါ့အခန်းထဲကထွက်! "

Pain Of LOVEWhere stories live. Discover now