Episode 1

6.6K 256 5
                                    

Episode 1

မင်္ဂလာဆောင်ခန်းမကြီးသည် ခန်းလုံးပြည့်နှင်းဆီနီနီများ
ဖြင့် အလှဆင်ထားသည်မို့ Oon မျက်လုံးထဲ အလွန်ကို သဘောကျမိသည်။ လှပသော မင်္ဂလာဆောင် ခန်းမရဲ့ ကော်ဇောနီနီထက်တွင် သတို့သမီးလေးက လျှောက်လှမ်းလာကာသတို့သားနဲ့အတူ ပေါင်းဖက်နိုင်ဖို့ ကျမ်းသစ္စာတွေ ကျိန်ဆိုကြတော့မည်။ကိုယ်ကဘေး
လူဖြစ်ပေမယ့် တွေးပေးရင်းနှင့်ပင် စိတ်အတော်လှုပ်ရှား
၏ ။ သို့သော် ကိုယ်က ဒီလိုမျိုး ကိန်းကြီးခန်းကြီးနဲ့
မင်္ဂလာဆောင်ဖို့ စိတ်ကူးမယဉ်ရဲသူမို့ပင် ။

"Oon~~မင်းရောက်လာပြီလား "

နောက်ကျောကို ပုတ်လာသော Pan ကြောင့် Oon က
တစ်ချက်လှည့်ကြည့်လိုက်သည်။

" အင်း ~~ငါခုလေးတင် ရောက်တာ "

"လာကွာ!! နောက်မှာ မင်းဟဲလို့ရအောင် ပြင်ထားပြီးပြီ "

Pan က ပခုံးလေးဖက်ကာ ဆွဲခေါ်လေတော့ Oon က
အရုပ်ကလေးပမာ လိုက်သွားရတော့သည်။ ကိုယ်သည်
ဒီမင်္ဂလာဆောင်က သတို့သားနဲ့လဲမသိ ။ သတို့သမီးနဲ့လဲ
မသိ ။ လူကြီးမိဘတွေနဲ့လဲ မသိ ။ သိသည်က Pan
တစ်ဦးတည်းနှင့်သာ ။ ဒီလို နိုင်ငံရဲ့ Top ten စာရင်းဝင်
သူဌေးသူကြွယ်တွေနဲ့ သိရအောင်လဲ ကိုယ်က အညတရ
သက်သက်သာ ။ အခုတောင် Pan ရဲ့ကောင်းမှုနဲ့
Wedding song သီဆိုခ မြိုးမြိုးမြက်မြက်ရသော
ကြောင့် လိုက်ဆိုပေးရခြင်းသက်သက်ပင် ။

"ဒီမှာ ~~~ မင်း သီချင်းဆိုမယ့်နေရာ "

"ဟမ် !!! ငါက ဘာမှ မမြင်ရဘဲ ဘယ်လိုဆိုရမှာလဲ "

သီဆိုဖို့ ပေးတဲ့နေရာကို ကြည့်ကာ Oon စိတ်ပျက်မိသည်။
ဘာကြောင့် လိုက်ကာရဲ့နောက်မှာ ဆိုရတာပါလဲ ။ ဒီပွဲသည် ဘဝမှာ ပထမဆုံးအကြိမ် သီဆိုရမည့် wedding
song လဲ မဟုတ် ။ ဆိုလာခဲ့တဲ့ သက်တမ်းမှာလဲ ဒီလို
ကလန်ကာနောက်ကွယ်က ဆိုခဲ့ရသည်မရှိ ။

"ဟဲ့ Pan ~~သီချင်းဆိုမယ့် ကောင်လေးရောက်ပြီလား။
မင်္ဂလာပွဲက စတော့မယ် ~~~"

"ရောက်ပြီ Khun Yee ~~"

Pan က Oon ကို ပုတ်ပြလိုက်သည်မို့ Yee ဆိုသော အမျိုးသမီးက တစ်ချက်စွေလိုက်ကြည့်သည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now