Episode 23

1.9K 212 12
                                    

Episode 23

" ဒေါက် !! ဒေါက် !! ဒေါက် "

Kong က လက်ထဲက ပစ္စည်းလေးကို အံဆွဲထဲ ခပ်သွက်သွက်ထိုးထည့်လိုက်ရင်း ဝင်လာဖို့ ပြောလိုက်
သည်။

" Khun Kong !!  Khun Vi ရောက်နေတယ် !! တွေ့ဖို့
ခွင့်တောင်းနေပါတယ်"

Kong က ကျစ်ခနဲ အသံပြုကာ ခေါင်းခါနေတုန်းရှိသေး
Vivian က ခပ်သွက်သွက် ဝင်လာခဲ့လိုက်သည်။

" Kong ကို ပြစရာလေးတစ်ခုရှိလို့ပါ ~~~ "

လက်ထဲက စာအိတ်လေးတစ်ခုကို Kong ထံ ထိုးပေး
လိုက်တော့ Kong က ခပ်စိမ်းစိမ်းကြည့်ရင်းသာ ဖွင့်ဖောက်ကြည့်လေသည်။

' Vivian ဒါ ဘာသဘောလဲ "

Kong က စာရွက်ကိုကျစ်ကျစ်ကိုင်ကာ ဒေါသရိပ်များ
နဲ့ ပြောလာတော့ Vivian က အပြစ်ကင်းသော မျက်နှာ
လေးနဲ့ ပြောရှာသည်၊

" Oon က ကိုယ်တိုင် မပေးရဲလို့ Vivian နဲ့တွေ့တုန်းက
ပေးလိုက်တာ "

"လုံး ဝ မဖြစ်နိုင်ဘူး~~ ကွာရှင်းစားချုပ်ပေါ်က လက်မှတ်
အတုနဲ့ ငါ့နဲ့ Oon ကို ခွဲလို့ရမယ် ထင်နေလား "

ကွာရှင်းစာချုပ်ကို လုံးချေကာ လွှင့်ပစ်လိုက်တော့ Vivian
က ခပ်အေးအေးပဲ ပြောပြန်သည်။

" ဒါတော့ Kong နဲ့ သူ့အပိုင်းလေ~~ဒို့က လမ်းကြုံလို့
ဝင်ပေးရုံသက်သက်ပဲ "

"Vivian~~ မင်း ဘာတွေကြံစည်နေတာလဲ "

Kong က စားပွဲခုံပေါ် လက်ဖဝါးလေးများထောက်ရင်း
သွားကြားလေထွက်ရုံအသံနဲ့ မေးလိုက်သည်။

" No No!! ဘာမှ မကြံစည်ပါဘူး~~~ မယုံရင်လဲ ကိုယ့်
မိန်းမကို ကိုယ်တိုင်သွားမေးလိုက်လေ~~~ ဒို့ ပြောနိုင်
တာ ဒါအကုန်ပဲ !! Bye ~~ see you again "

Vivian က လက်ပြနှုတ်ဆက်ကာ ထွက်သွားတော့ Kong
က နံရံကို လက်သီးနဲ့ အရှိန်ပြင်းပြင်းထိုးရင်း ဒေါသတွေ
ကို ဖြေလိုက်သည်။ သေချာတာကတော့ ဒီလက်မှတ်
ဟာ Oon လေး လက်မှတ်ဆိုတာ သူသေချာသိသည်မို့
မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ရသည်။

" Nine "

အခန်းကနေ ထွက်မသွားဘဲ ရပ်နေသေးသော Nine
ကို အားကိုးတကြီး ခေါ်လိုက်ပြီး~~~

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now