Episode 19

1.9K 197 20
                                    

Episode 19

Uday က အိမ်ပြန်ရောက်ရောက်ချင်း တွေ့လိုက်ရသော
ခယ်မလေး မျက်နှာကို မျက်တောင်မခတ်တမ်း ခဏ
လောက်ကြည့်လိုက်မိသည်။ ကိုယ်သည် Kongpob အပေါ် ဝန်တိုစိတ်များခဲ့တာ မှန်ပေမယ့် ဒီလိုမျိုးလာလုပ်
ဖို့ ကမ်းလှမ်းခံရတာတော့ သဘောမကျ ။ Oon က သူ့ကို
ရယ်ပြလာသည်မို့ Uday က မတ်တပ်ရပ်လျက်သား
ရယ်ပြလိုက်မိသည်။

"ဘာလုပ်နေတာလဲ "

Oon နဲ့ Uday အပြုံးနဲ့ နှုတ်ဆက်နေစဉ် Kong က Oon
ပခုံးများပေါ်လက်တင်ကာ ပိုင်ဆိုင်ကြောင်းပြလာသည်မို့
Oon က မျက်စောင်းထိုးကာ ခါချလိုက်သည်။

" ဩော် !! P'Uday ~~ မတွေ့တာတောင် တော်တော်
ကြာနေသလိုပဲနော်~~တစ်အိမ်ထဲနေပြီးတော့ကို မတွေ့ဖြစ်နေတာ "

"အင်း ~~ ခုတလော ကုန်ကြမ်းတွေရောက်တာနဲ့ အလုပ်
သမားတွေနဲ့အတူတူ ရုံးမှာပဲ ညအိပ်လိုက်တာ များလို့"

"ဩော် !! P'  ပြောင်းလဲသွားတယ်နော် '

Uday က ပြုံးကာ ပြောလာသော Kong  မျက်နှာကို တည်တည်ငြိမ်ငြိမ်သာကြည့်ရင်း မေးလိုက်သည်။

"ဘာကလဲ "

"ကျွန်တော်ပြောတာ~~P' အကိုပီသလာတယ်လို့ "

ပြောပြီး Kong က Oon လည်ပင်းကို ညှပ်ကာ လိုရာ
ဆွဲခေါ်သွားတော့သည်။ Uday က Kong အပြောကြောင့်
နေရာမှာ တွေတွေလေးရပ်နေရင်းက ပြုံးလိုက်မိသည်။

^^ဟုတ်တယ် !! ငါ့ညီဘက်မှာပဲနေဖို့ ရွေးခဲ့တာ မှန်တယ် ^^

"သား !! Uday~~ဗိုက်ဆာနေပြီလား "

Raai က ခြံကနေ ပြန်ဝင်လာကာ ပြောသည်မို့ နောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ ဒီအချိန်ဆို အမြဲ
Khun Raai က ခြံထဲ လမ်းလျှောက်နေကြမို့ ။

"ညနေစာ စားတော့မလား~~Raai နဲ့ တူတူစားမယ်လေ'

Uday ရင်ထဲ အခုမှ မေတ္တာဆိုသော စကားလုံးလေး ဖြတ်ပြေးသွားသလို ခံစားမိသည်။ အနှစ်နှစ် အလလ
Kong ကိုပဲ ပိုချစ်သည်ဟု ထင်ခဲ့တာတွေက ဒီနေ့ လူကြီး
ဆန်ဆန်အတွေးအမြင်များကြား မြူမှုန်မျှမကျန်အောင်
ပျောက်ရှကုန်သည်။

"Krup!! သားလဲ Khun Raai နဲ့ တူတူစားချင်ပါတယ်"

Vivian ဧည့်ခံတာကို လက်ခံခဲ့ပေမယ့် Raai အခေါ်ကိုလဲ
မငြင်းနိုင်တော့ ။ Khun Raai နဲ့ ထပ်ပြီး စားဖို့ လက်ခံ
သဘောတူပြီး Raai ပခုံးလေးဖက်ကာ အိမ်ထဲကို
ဝင်လာခဲ့တော့သည်၊

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now