Episode 24

1.9K 210 12
                                    

Episode 24

Bank က ပစ္စည်းတွေကို ရိုက်ခွဲကာ သောင်းကျန်းနေသံ
ကြောင့် အမေဖြစ်သူ Pray က အခန်းတံခါးကို ခပ်သွက်
သွက် ဆွဲဖွင့်လိုက်သည်။

" Bank!! သား~~~~ "

အမေဖြစ်သူခေါ်သံကြောင့် တိုင်ကပ်နာရီကို ခွဲရန်ပြင်နေ
တဲ့ လက်တွေက လေမှာ ရပ်တန့်သွားသည်။

" မင်း ဒါ ဘာလုပ်နေတာလဲ ~~~ "

Bank က ခပ်တည်တည်နဲ့သာ ပစ္စည်းကို လွှတ်ချလိုက်သည်။

" ခွမ်း !!! "

" Bank !!  မင်း ဟိုကောင်မလေးကြောင့် ဒီလိုပုံ ဖြစ်နေတာလား "

" Mommy ကြောင့် Mommy လုပ်တာ ~~သားဘဝထဲ
ကနေ မ ကို Mommy  ပဲ ဆွဲထုတ်သွားတာ ~~~ "

Bank က မျက်နှာတစ်ခုလုံး ရဲတက်ကာ ဒေါသရိပ်လွှမ်း
နေသောကြောင့် သားနဲ့အပြိုင်လုမပြောဖို့ Pray  ဆုံးဖြတ်
လိုက်သည်။

" သား မ ကို သိပ်ချစ်တာ Mommy သိရက်သားနဲ့ဗျာ "

" Bank Tongkrisat !! "

Pray က နာမည်အပြည့်အစုံကို ခပ်ကြမ်းကြမ်း ခေါ်လိုက်
သည်မ်ို့ ခေါင်းကို ထိုးဖွနေတဲ့ Bank လက်တွေ ရပ်တန့်
သွားသည်။

" မင်းကို ငါအရမ်းချစ်လို့ ကာကွယ်နေတယ်ဆိုတာရော
မင်း သိလား~~~ !!! မင်း အဲလို အပေါစားမိန်းမကို အိမ်
ပေါ်ခေါ်တင်လာတာကို ငါဒီနေ့ထိ ငြိမ်ပေးနေခဲ့တာ မင်းကို
အရမ်းချစ်လို့ဆိုတာ မင်းမတွေးမိဘူးလား~~ဒါကိုတောင်
မင်းပါးစပ်က သူ့မောင်ကို အိမ်ပေါ်ခေါ်တင်ဖို့ လာခွင့်တောင်းသေးတယ်နော် "

"ဒါကို Mommy ခွင့်မပြုခဲ့ဘူးလေ "

" ငါ ဘာလို့ ခွင့်ပြုရမှာလဲ!! မင်းဟာမကို တစ်နေ့တစ်နေ့မြင်နေရတာနဲ့တင် ငါ တော်တော်စိတ်ဒုက္ခ
ရောက်နေတာ~~သူ့မောင်ကိုပါ ထပ်ကြည့်ခိုင်းနေတာ
လား~~~ "

" Mommy !! "

"မပြောနဲ့ !! နင့်ပါးစပ်ပိတ်ထား ~~"

Bank ကို ပြောပြီး တံခါးပိတ်ထွက်ကာ ပြန်ထွက်သွား
သော  မိခင်ကြောင့် Bank တစ်ယောက် ကိုယ့်ကိုကိုယ်
အားမရဖြစ်ကာသာ ကြုံးကာ အော်မိတော့သည်။တစ်ခုခု
တော့ လုပ်မှ ဖြစ်တော့မည်။ ဘယ်နည်းနဲ့မှ မ ကို အဆုံး
ရှုံး မခံနိုင်တော့တာမို့။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now