Episode 12

2K 224 15
                                    

Khun Tere က ပြတင်းပေါက်နားရပ်ကာ အဝေးတစ်နေ
ရာကို ခပ်ဆွေးဆွေးကြည့်နေမိသည်။ သားတို့ချွေးမလေး
တို့သာ ခုချိန် ရှိနေသေးရင် သူ့သားရဲ့အဖြစ်ကို လက်ခံ
ပေးနိုင်မလား ။ Khun Tere အနေနဲ့ အခုရက်ပိုင်းအိမ်မှာ
နေဖြစ်တယ်လို့ကို မရှိ ။ Kong နဲ့စကားပြောဖြစ်ပြီး
ညနေဘက်မှာတင် Chingmai ကို သွားလိုက်တာ ည
ကမှ ပြန်ရောက်သည် ။ အနားကို ကပ်လာသောခြေသံ
တိုးတိုးကြောင့် Khun Tere အတွေးများ ပြတ်တောက်
သွားပြီး နောက်ပါးဆီကို လှည့်ကြည့်မိသည်။

"Tew !!! "

"Kha ~~ Khun Tere အတွက် green tea လာပို့တာပါ"

Tew က ကြိမ်စားပွဲဝိုင်းလေးပေါ် ဗန်းပေါ်က ခွက်ကလေး
ချပေးပြီး ပြန်ထွက်ဖို့ ခြေအလှမ်း ~~~~~

"Tew ~~"

"Kha~~ Khun Tere "

"Kong ရှိသေးလား ~~~"

အလုပ်မသွားသေးဘူးမလား ဆိုသော သဘောနဲ့ မေးလာ
သည်မို့ Tew က ခေါင်းလေးညိမ့်ပြလိုက်သည်။

"မနက်က Khun Nine ကို အစည်းအဝေးချိန်မှပဲ သွားမယ်လို့ ပြောနေသံကြားပါတယ် '

Tew စကားလေးကို မရယ်မပြုံးနားထောငိရင်း ~~~

"ဟိုမိန်းကလေး လက်ဒဏ်ရာ ဘယ်လိုနေလဲ ~~'

လွန်ခဲ့တဲ့ နှစ်ရက်က  မိသားစုဆရာဝန် Chalatt လာသွား
ပြီး မြေးချွေးမ ဒဏ်ရာကို ကုသပေးရခဲ့ရသည်ဟု
ဒေါက်တာ ဆီက ဖုန်းသတင်းရခဲ့သည်မို့ သူမေးလိုက်မိ
ူသည်။

" ဘယ်လိုနေလဲဆိုတော့ လက်မှာ ပတ်တီးစည်းထားတာ
တောင် သွေးက ခုချိန်ထိ မတိတ်ချင်သေးဘူး~~"

Tere က မျက်မှောင် အနည်းငယ်ကျုံ့သွားမိသည်။

"Tew သွားပြီး ပတ်တီးလဲပေးရင်း သွေးတွေက စိမ့်ထွက်
နေတုန်းပဲ~~ဒေါက်တာက သေချာလုပ်ပေးသွားပေမယ့်
ချုပ်ရိုးက ပြန်ပြုတ်နေတယ်~~"

"Tew!! နင် Kong ကို မပြောပြလိုက်ဘူးလား ~~"

"မမလေးက Khun Kong မသိစေနဲ့တဲ့~~~ "

"ဘယ်လို မသိစေချင်တာလဲ "

Tew က ဗန်းလေးကို ရင်ဘတ်မှာ ကပ်လိုက်ရင်း~~

"Tew မြင်တာကိုပြောတာပါနော် ~~ ပြန်လာတုန်းက
တော့ Khun Kong က တော်တော်လေး စိုးရိမ်နေပုံရ
ပေမယ့် အဲနောက်နေ့ထဲက အခုထိ အောက်ထပ်က အခန်း
မှာ ပြောင်းအိပ်ပါတယ် ~~"

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now