Episode 18

2.1K 189 26
                                    

Episode 18

Oon က မနက်စာစားရင်း ပျို့ပျို့တက်လာသည်မို့ Khun Tere က ရေခွက်လေး ကမ်းပေးလိုက်သည်။

"Oon  သမီး အဆင်ပြေရဲ့လား !!! "

Oon က ရေလေးတစ်ငုံသောက်ပြီး ခေါင်းညိမ့်ပြလိုက်
သည်။ မနေ့က တစ်ညနေလုံး ဘာမှ မစားဘဲ ခုမနက်မှ
အစာတွေထည့်နေတော့ ဗိုက်က ဘယ်လက်ခံနိုင်ပါ့မလဲ ။

" အစာမကြေလို့ ထင်တယ် !! လေဆေးသောက်မလား "

Oon က ခေါင်းလေးခါပြီး ပေါင်မုန့်ကို တစ်ချက်ကိုက်
လိုက်သည်မို့ Khun Tere ကလဲ စကားစရပ်လိုက်သည်။

" ညက မူးရူးနေတဲ့ ဟိုကောင်လေး မထသေးဘူးလား"

Khun Tere အမေးကြောင့် Oon က ခေါင်းလေးခါပြီး
သူ့ကိုသူတစ်ခါ အပေါ်ကိုတစ်လှည့်နဲ့ သွားနှိုးလိုက်မယ်ဆို
သောအမူအရာဖြင့် လက်ညိုးထိုးပြလိုက်သည်။

"အင်း သွားနှိုးလိုက်လေ~~ တော်ကြာ နေမြင့်သွားရင်
ဦးနှောက်ထဲ ပိုပြီး သွေးရောက်တော့ လူက လန်းမှာ
မဟုတ်ဘူး~~~ "

Oon က ခေါင်းတစ်ချက် ညိမ့်ပြပြီး အိမ်ပေါ်ထပ်ကို အပြေးတက်လာခဲ့တော့သည်။ တစ်ညလုံးလဲ စကားတွေ
ထထ ပြောပြီး ယောင်နေတာ Oon တစ်ယောက် မနက်လင်းခါနီးမှာ အိပ်ရသည့်အဖြစ် ။

Oon က ကုတင်နားရောက်တော့ ဆန့်ဆန့်ကြီးလဲနေတဲ့
ကိုယ်တော်ကို ပခုံးကနေ လှုပ်နိုးလိုက်သည်။

"အင် !!! ဘာလဲ "

Kong က မျက်လုံးလေးကျဉ်းကျဉ်းဖွင့်ကာ Oon ကို
ကြည့်တော့ Oon က Kong နားတိုးကာ တင်ပျဉ်ခွေထိုင်
လိုက်သည်။

"ထ တော့ " ဆိုသော ပုံစံနဲ့ လက်ညိုးလေးလှုပ်ပြသည်မို့

"၅ မိနစ်လောက် အိပ်ပါရစေ~~ နော် "

Oon တစ်ယောက် အီလေးဆွဲပြီး တစ်ဖက်လှည့်ဖို့ပြင်နေတဲ့ Kong ကိုယ်လုံးကြီးကို
သူ့ဘက်ပြန်လှည့်လိုက်သည်။

"ဩော် !! မိန်းမက ယောက်ျားမျက်နှာကြည့်ချင်နေတာပဲ
ကြည့် ကြည့် "

Kong က ပါးစပ်ကြီးစေ့ပိတ်ပြီး ပြုံးတုံ့တုံမျက်နှာလေးနဲ့
Oon ဘက်လှည့်လိုက်သည်။ Oon က စာအုပ်ဆွဲယူ
ပြီး ရေးပြရတော့သည်။ ဒီလိုသာ ဆက်လုပ်နေရင် အချိန်
ပိုကြာပေတော့မည် မဟုတ်ပါလား။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now