Episode 14

2K 180 16
                                    

Episode 14

Oon က Naaf Kulap ရှေ့မှာ လခြမ်းရုပ်ကလေးပိုက်ကာ
ကျို့ကျို့လေးရပ်နေမိ၏ ။ Kulap က ခေါင်းကို တစ်ချကိ
ကုတ်လိုက်ပြီး~~~~

"သေပါတော့ Ai Oon ရယ်!! နင့်နာမည်အစစ်ကို ဘာလို့
သွားပြောလိုက်ရတာလဲ ~~တကယ်လို့များ နောက်ကြောင်း စုံစမ်းလိုက်ရင် နင်က သူ့မောင်ဆိုတာ
ကွင်းခနဲ ပေါ်သွားမှာပေါ့ ~~~ ကဲဟယ် "

Oon ခေါင်းကို ဒေါက်ခနဲ တစ်ချက်ခေါက်လိုက်ပြီး နား
ရွက်ကို ရဲခံနေအောင်တစ်ချက်လိမ်ဆွဲလိုက်သည်။ Oon
ကတော့ P'Moon ပေးထားတဲ့ အရုပ်ကလေးကို ကျစ်
နေအောင် အားပြုလိုက်ရင်း နာကျင်မှုကို အံတုခံလိုက်
သည်။

"နင် အိမ်ရောက်တုန်းရောက်ခိုက် နင်နဲ့ နင့်အမအခန်း
သန့်ရှင်းရေးလုပ်သွား !! "

Oon နဲ့ Moon တို့က တစ်ခန်းထဲကို လိုက်ကာလေးသာ
ုခြားပြီး နေခြင်းဖြစ်သည်။ P'Moon အခန်းလို့ ပြောလို့
ရပေမယ့် Oon က တစ်ယောက်တည်း မအိပ်တတ်လို့
Moon နဲ့အတူတူလာအိပ်ရာက နှစ်ယောက် တစ်ခန်း
ဖြစ်သွားရသည်။ အခန်းကို Oon ဝင်ကြည့်တော့ သူ မင်္ဂလာပွဲသွားဖို့ ပြင်ထားခဲ့တဲ့ မိတ်ကပ်ပစ္စည်းတွေ အား
လုံးဟာ ဒီအတိုင်း ပြောင်းလဲမှု မရှိ ။ Naaf Kulap က
လက်ဖျားနဲ့တောင် တို့ထားပုံမရ ။ Oon က အရင်ဆုံး
ကြမ်းပြင်က ပစ္စည်းတွေကို ကောက်သိမ်းလိုက်သည်။

"Ai Oon ~~ငါ ရပ်ကွက်ထဲခဏ သွားဦးမယ် !! နင်
အိမ်မှာ ဟင်းလေးချက်ပေးခဲ့ အိမ်သန့်ရှင်းရေးရောလုပ်ဦး~~ နောက်ပြီး ငါ့အဝတ်ကိုလဲ လျှော်ပေးခဲ့ ~~~ ကြားလား "

Oon က ခေါင်းလေးတစ်ချက်ညိမ့်ပြလိုက်သည်။

အိပ်ခန်းထဲကို ရှင်းလင်းပြီးချိန် Naaf Kulap ပြောသည်
များကို တစ်ခုမကျန်အားလုံး လုပ်ပေးခဲ့သည်။ အိမ်သည်
တစ်ယောက်တည်းဖြစ်သွားလို့လား မသိ ။ ဝမ်းနည်း
မှုတွေကို ခံစားမိနေသည်။ ဘာကို အလိုမကျ ဖြစ်နေသည်
မှန်း စိတ်ကတွေးမရ ။ အခုအချိန်မှာများ တစ်ယောက်
ယောက်အပေါ် ဒေါသ ပုံချပစ်ချင်ပါသော်လည်း ကိုယ့်ဒဏ်ကို P'Moon မှလွဲ၍ တစ်ခြားသူက မခံယူကြ။

"Ai Oon~~~ မင်း Ai Oon မလား "

ခြံတံခါးလေး စေ့နေစဉ် နောက်က ခေါ်သံကြောင့် Oon
က တစ်ချက်လှည့်ကြည့်လိုက်သည်။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now