Episode 16

2K 210 13
                                    

Episode 16

Bank က အိမ်အပြင်ဘက်ကို အမှိုက်ပုံးလေးကိုင်ပြီး ထွက်ကာစဉ်~~~~~

"ဝူး~~~ ဘူး ဘူး~~ "

မျက်နှာတစ်ခုလုံးကို အုပ်ပြီး လူတွေက ချုပ်ထားသည်မို့
Bank ရုန်းမရအောင်ရှိသည်။ ထို့နောက် အတင်းရုန်းကာ
ညာဘက်နားရပ်နေတဲ့သူရဲ့ နံရိုးကို တစ်ချက်ဆောင့်ထိုး
လိုက်တော့ ထိုလူက ယိုင်ခနဲ နောက်တွန့်သွားသည်။အခြေ
အနေကို အခွင့်ကောင်းယူပြီး Bank က ခေါင်းကိုစွပ်ထား
သော အိတ်ကို ဆွဲဖယ်လိုက်သည်။

"မင်းတို့ ~~~ တောက် "

"တောင်းပန်ပါတယ် အကိုလေး~~ကျွန်တော်တို့လဲ
အမိန့်အရ မို့ပါ "

Mommy ကိုယ်ရေးအရာရှိနဲ့သူ့တပည့်တွေဖြစ်နေသည်မို့
Mommy အမိန့်ဆိုတာ သိနေလေသည်။ ဒီနေရာထိတောင် လာရှောင်ပုန်းနေကာစ မ ဆီက
အဖြေမရသေးခင် Moomy ဆီပြန်ဖို့ဆိုတာ မဖြစ်နိုင်သေး

"ငါ ပြန်မလိုက်နိုင်သေးဘူး "

"အကိုလေး ပြန်မလိုက်လို့မရပါဘူး!! အကိုလေး ပြန်မလိုက်ဖို့ ငြင်းရင် Khun Pray ကမရရအောင် ခေါ်
လာဖို့ ပြောပြီးသားပါ "

ဒါဆိုရင်တော့ Bank အနေနဲ့ ဒီလူတွေကို အလဲထိုးပြီး
ထွက်ပြေးဖို့ မစွမ်းသာတော့ ။

"ငါ တစ်ယောက်တည်းတော့ ပြန်မလိုက်နိုင်ဘူး~~မကို
ပါ ခေါ်လာခဲ့မယ် "

"မရပါဘူး~~~အကိုလေးကိုပဲ ပြန်ခေါ်လာခဲ့ခိုင်းတာပါ"

"မရဘူး~~ မ မပါဘဲ ငါ ဒီနေရာကနေ ခြေတစ်လှမ်းတောင် မရွေ့ဘူး~~ဒါကို မင်းတို့က မရရအောင် ခေါ်မယ်ဆိုရင် ဒီမှာတွေ့လား~~"

Bank က အိတ်ကပ်ထဲက ဘောလ်ပင်ကိုထုတ်ကာ ~

"ဒါနဲ့ ငါ့လည်ပင်းကို ဖောက်လိုက်မယ် "

"ဟာ !!အကိုလေး~~~ အဲလို မဖြစ်ဘူးလေ "

"မဖြစ်ရင် မ ကိုပါ ခေါ်ပေး "

Bank စကားကြောင့် ထိုလူလေးယောက်က တစ်ယောက်
မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်၊ Bank ကတော့
အပေါ်ထပ်ကို တစ်ချက်မော့ကြည့်မိသည်။ မ မပါတဲ့ ဘယ်လိုခရီးကိုမဆို သူတစ်ယောက်တည်း ရှေ့မဆက်တော့နိုင်တော့ပါ ။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now