Episode 20

2.2K 207 21
                                    

Episode 20

" P' ~~~~ မအိပ်သေးဘူးလား "

Kong က ရေသောက်ဖို့ဆင်းလာတဲ့အချိန် Uday က တစ်ယောက်တည်း အမှောင်ထဲမှာ ထိုင်နေသည်မို့ Kong
က အသံပြုလိုက်သည်။

" အင်းကွာ!! မျက်စိက ကြောင်နေတာနဲ့ ~~~"

"အွန် ~~~~"

Kong တစ်ယောက် ရေတစ်ငုံသောက်ကာ Uday ဘေးနား
လာထိုင်လိုက်သည်။

"Kong မင်း အပြစ်မဲ့တဲ့လူတစ်ယောက်ကို သက်သက်မဲ့
ဒုက္ခပေးဖူးလား~~~~"

Kong က Uday စကားကြောင့် ဘေးတိုက်အနေအထား Uday မျက်နှာကို စွေကြည့်လိုက်သည်။

"ဟက် !! P' က ဘာလို့ ဒီလိုမေးရတာလဲ ~~~~ "

Kong အပြောကြောင့် Uday က လက်ချောင်းလေးများ
ကို ယှက်စုလိုက်ပြီး ခေါင်းလေးငုံ့ချလိုက်သည်။

" အပြစ်မဲ့တဲ့လူတစ်ယောက်ကို သက်သက်မဲ့ ဒုက္ခပေး
တာ ဘယ်လောက်တောင်ကြီးလေးတဲ့ အပြစ်ကြီးလဲလို့
တွေးမိလို့ပါကွာ ~~~ "

Kong က ကိုင်ထားသော ရေဘူးလေးကို လက်ညှိုးလေးနဲ့
အကြောင်းမဲ့ လျှောက်ကုတ်နေရင်း Uday စကားကို
ငြိမ်ငြိမ်လေး နားထောင်လိုက်သည်။

" ဖြူစင်တဲ့သူတိုင်းက ဖြူစင်တဲ့အကျိုးပဲ ပြန်သက်ရောက်
တယ်ဆိုတာ မှန်တယ်နော် ~~Mae ပြောပြောနေကျ စကားလေ~~ မင်းမှတ်မိတယ်မလား '

Kong က ခေါင်းလေးတစ်ချက်ညိမ့်ကာ ~~~

"ကျွန်တော် မှတ်မိပါတယ် "

နှစ်ယောက်သား ခဏလောက်ငြိမ်ကျသွားလိုက်ကြသည်။
Kong ရော Uday ရော ဧည့်ခန်းက တိုင်ကပ်နာရီ
တစ်ချက်ချက်မြည်နေသံ ကြားရသည်အထိ တိတ်ဆိတ်
သွားပြီးမှ Kong  က ချောင်းတစ်ချက်ရှင်းလိုက်ကာ~~

"တကယ်လို့ ဖြူစင်တဲ့သူတွေလဲ အပြစ်လုပ်တတ်ကြတယ်
ဆိုရင်ရော~~ P' သူတို့ကို ရိုးသားပါတယ်လို့ မြင်နိုင်
သေးလား~~~'

Uday က Kong စကားနားထောင်ပြီး ခပ်ရေးရေးလေး
ပြုံးပြလိုက်သည်။

"လောကကြီးထဲက လူတိုင်း အမှားနဲ့မကင်းဘူးလေ~~~ "

P'Uday က ဒါလေးတစ်ခွန်းသာ ပြောလေသည်။ နောက်
ထပ် ထပ်ငြိမ်ကျသွားပြန်သည်။ P' မှာ ဘာတွေခံစား
နေရလဲ ကျွန်တော် နားထောင်ပေးချင်ပေမယ့် P' က ပြောပြချင်ပုံမရသည်မို့ ထွေထွေထူးထူး ထပ်မေးမနေတော့။

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now