Episode 7

1.5K 151 0
                                    

Episode 7

" ဒေါက် ဒေါက် ဒေါက် "

ဘန်ဂလို တံခါးခေါက်သံကျယ်ကျယ်ကြောင့် Kong
အိပ်မှုန်စုံဝါးကနေ ထလိုက်မိသည်။ ကုတင်ဘေးက နာရီ
ကို ကြည့်တော့ ည ၆ခွဲဖြစ်နေပြီ ။ Kong က ကိုယ်မှာ
အဝတ်အစားကပ်မနေသည်ကို တစ်ချက်ကြည့်လိုက်ပြီး
ချွတ်ထားမိသော အင်္ကျီအဖြူလေးကို လှမ်းဆွဲလိုက်သည်။

"ဒေါက် ဒေါက် ဒေါက် "

သူမဖွင့်မချင်းခေါက်နေသောကြောင့် Kong က အင်္ကျီ ကြယ်သီးတောင် မတပ်နိုင်ဘဲ တံခါးကိုခပ်သွက်သွက်ဆွဲ
ဖွင့်လိုက်သည်။

သို့သော်သူ တွေ့လိုက်သည်က Nine ရယ် ၊ ရဲတွေရယ် ၊
မိန်းမကြီးတစ်ယောက်ရယ် ။

" တွေ့လား!! ထင်တဲ့အတိုင်း ဖရိုဖရဲနဲ့ ~~ နည်းနည်းမှ
စည်းမစောင့်ဘူး~~~ "

Kong ကိုကြည့်ကာ ပြစ်တင်ပြောဆိုနေသော မိန်းမကြီး
ကြောင့် Kong Nine ကို တစ်ချက်လှမ်းကြည့်လိုက်
သည်။သို့သော် Nine သည်လည်း ပြောစရာစကားများ
ဆွံ့အနေဟန် ။

"Khun Kongpob ခင်ဗျားအခန်းကို ရှာဖွေခွင့်ပြုပါ ~~"

"ဘာကိုလဲ ဘာရှာတာလဲ "

"ဒီအမျိုးသမီးက သူ့သမီးဖြစ်သူကို Khun Kongpob က
အလိုမတူဘဲ သွေးဆောင်ဖြားယောင်းထားတယ်လို့
သတင်းပေးထားလို့ပါ~~ ကျွန်တော်တို့ တာဝန်အရမို့
စစ်ဆေးခွင့်ပြုပါ "

ရဲတွေရဲ့ စကားကို Kong နားမလည်နိုင်အောင်ရှိလှသည်။

"ခင်ဗျားတို့ကို ဒီဟိုတယ်ထဲ ဘယ်သူပေးဝင်တာလဲ ~~
ဘာလဲ ~~ အလုပ်မဟုတ်တာ~~ သူ့သမီးဆိုတာကို
တောင် ကျွန်တော်လုံးဝမသိတာ~~သွေးဆောင်ဖို့ဆိုတာ
ဖြစ်နိုင်လို့လား "

"ဒီမှာပါ ~~ ဓာတ်ပုံတွေပါ ~~~"

ဟာ !!!Kong ပင် မျက်လုံးပြူးထွက်သွားမိသည်။ Edit
ကြီးတွေက ကြောက်ဖို့တောင်ကောင်းချက် ။ကိုယ်ပုံက
Tv တွေ interview တွေထဲမှာလဲ ရှိနေတော့ ယူရတာ
မခက်ခဲပေ။ နေပါဦး~~ဒီမိန်းကလေးက ~~~

"သီချင်းဆိုတဲ့တစ်ယောက် !!! "

"ဟုတ်ပါတယ်~~ ဒီဟိုတယ်မှာ သီချင်းဆိုနေတဲ့မိန်း
ကလေးပါ ~~ "

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now