He was use LINE

9.7K 1K 183
                                    

( Unicode)

"Kim TaeHyung ငါ စနေ တနင်္ဂတွေ ဆို
အရမ်းလွမ်းတာပဲ "

ကျွန်တော် coffee ခွက် ကိုင်ကာ လူပ်ရှားသွား
လာနေတဲ့ လူတစ်ချိူ့ ကို မှန်ပြတင်းပေါက်ကနေ
ကြည့်ရင်း အနားတွင် စာရင်း ထိုင်လုပ် နေသော
TaeHyung ကိုပြောလိုက်သည်။

"ဘာများ လဲလို့ သူဌေး ရယ် ဘယ်သူ့ကိုလဲ
ဟို ကောင်လေး Jimin ကိုလား "

"သူ့ကို လွမ်းတာလား?? ဘာကိုလွမ်းနေတာလဲ
မပြောတက်ဘူး သေချာတာက တော့ လွမ်းနေတာပဲ "

*တီး....တီး*

ကျွန်တော် နဲ့ စကားပြောနေရင်း TaeHyung ဘေးမှ ဖုန်းမြည်လာသံကြောင့် TaeHyung
ကြည့်လိုက်သည်။

"သူဌေး ခဏလေး Jungkook လေး message ပို့လို့ "

"အော်...အေး...အေး"

"ခိခိ သူ့ယောကျာ်းကို စိတ်ပူပေးနေတာ "

"သူက ဘယ်သွားနေလို့လဲ "

"အော် သူ ဘူဆန် ဘက်ကို ခရီးထွက်သွားတာလေ အဲ့ဒါ စိတ်ပူပေးနေတာ "

"အော် အပျော်ခရီးပေါ့ "

"ဟုတ်တယ်လေ ဒီမှာ ကြည့်အုံး သူ တော်တော်
ပျော်နေတာ instagram မှာပုံတွေ အများကြီး
တောင်တင်ထားတယ် "

"သူ့ပုံ တွေ ကို ဒီကနေ အဲ့လိုကြည့်လို့ရတယ်ပေါ့"

"ဟုတ်တယ်လေ သူဌေး မသိဘူးလား"

"ငါက ဒါတွေ မသိဘူး "

"ဒါများ ဘာလို့ ဖုန်းကိုင်နေသေးလဲ "

"ငါက ဖုန်းကိုင်တယ်ဆိုတာ အလုပ်ကိစ္စနဲ့
ဓာတ်ပုံ တစ်ပုံတောင် ငါရိုက်ဖူးတာ မဟုတ်ဘူး"

"ထားပါတော့ အခု ခေတ် လူတွေ ကလေးကအစ
သုံးတက်တယ် "

"အဲ့ ဒါသုံးတော့ ဘာများထူးသွားသလို့လဲ "

"ထူခြားသွားတာပေါ့ ကိုယ်သိချင်တဲ့ သူကို
ရှာလို့ရတယ် စကားတွေ ပြောလို့ ရတယ်လေ "

"ဘယ်ဟာ ကို ပြောတာလဲ??"

"အော် သူဌေးရယ် Facebookတို့ Twitter
တို့ instagram တို့ ကိုပြောတာလေ "

"ဒါသုံးတော့ ကိုယ့်ရှာ ချင်တဲ့ သူ့ကို ရှာလို့ ရတယ်ပေါ့ ဟုတ်လား"

Baby Boo 지민  ( Completed ) Where stories live. Discover now