Trust Me baby 지 [2]

7.2K 825 74
                                    

(Unicode)

ကိုကို ဟာ အရင်လို မဟုတ်တော့ဘူး
ChaeYoung ဆိုတဲ့ အမျိူးသမီး ရောက်
လာကတည်းက ကျွန်တော့်ပေါ် ဆက်ဆံ
တာတွေ ပြောင်းလာခဲ့တယ်.....

"Jimin.... "

အိမ်ရှေ့တံခါး ခေါက်သံကြားတော့
အတွေး နယ်ချဲ့နေတာကို ရပ်လိုက်ပြီး
တံခါး ကို ဖွင့်ပေးလိုက်သည်။

" အကိုတို့ပါလား... "

TaeHyung ရယ် အကို SeokJin ရယ် အကို Hoseok ရယ် ကို တွေ့လိုက်
ရသည်။

" Jimin... မင်း အလုပ်ကို မလာတာ
သုံးရက်တောင် ရှိပြီနော်... "

Hoseok က မေးလိုက်သည်။

" အကို တို့ အထဲ ဝင်လေ...
ဒီမှာ မရပ်နေကြနဲ့"

အိမ်ထဲကို ဝင်လာကြတဲ့ သူတို့ သုံးယောက်
က Jimin ရဲ့ မျက်နှာကို အသေအချာကြည့် နေကြသည်။

" အကို တို့ လာတာနဲ့ အတော်ပဲ..
ကျွန်တော် လမ်းထိပ်က Mini Mart
မှာ လိုချင်တာ လေးတွေသွား ဝယ်ချင်လို့"

Jimin ပြောသာ ပြောပြီး အိမ်ထဲကနေ
ထွက်ခွာလိုက်သည်။

==========

လမ်းထိပ်က Mini Mart မှာ ကားတစ်စီး
ကို တွေ့လိုက်ရသည်။ ထိုကား မှာ မြင်ဖူး
သလို ရှိနေသောလဲ...

ကားပိုင်ရှင် မှာ သူ ဖြစ်ပါစေလို့ပဲ ဆုတောင်း
မိသည်။ သူ့ မျက်နှာလေးကို မတွေ့ရသည်
မှာလဲ ကြာပြီ။ အမှန်တိုင်း ပြောရရင် သူ့မျက်နှာလေး ကို ကြည့်ချင်မိသည်။

သိပ်မကြာပါဘူး ကျွန်တော် အရမ်းတွေ့ချင်
တဲ့ သူဟာ Mini Mart ထဲကနေ ထွက်
လာခဲ့သည်။

" ကို... ကို.. "

သူ့ကို တွေ့တော့ ဝမ်းသာအားရ အော်လိုက်ပေမဲ့အသံဟာ တိုးဝင်ပြီး ငြိမ်သွားလေသည်။ အမှန်က သူ့နားက ပါလာတဲ့ ChaeYoung ကြောင့်.....

သူတို့ ကားပေါ်တက်သွားတော့....
ChaeYoung ရဲ့ အနားကို Yoongi
က တိုးလိုက်ပြီး သူ့မ ပါးနားကို ကပ်လိုက်
သည်။

Jimin က သာ Yoongi ရဲ့ နောက်ကျော ကို တွေ့ရပင်မဲ့ သူတို့ နှစ်ယောက်
ရဲ့ လုပ်ရက်က Jimin အတွက် အထင်
လွှဲစေသည်။

" ဒီလို အခြေ အနေထိတောင်လား...
ကိုကို ရယ် "

Jimin လဲ Mini Mart ထဲသို့ မဝင်
တော့ဘဲ သူ့အိမ်သို့ သာ ပြန်လာခဲ့သည်။

Baby Boo 지민  ( Completed ) Where stories live. Discover now