Will you marry me baby?

6.7K 668 70
                                    

(Unicode)

Yoongi သူရဲ့ ကားလေးကို တစ်နေရာ
သို့ ရောက်သောအခါ ထိုး ရပ်လိုက်သည်။
အနား မှာ အိပ်မော ကျနေတဲ့ ကလေး ကို
အသာလေး လှုပ်နိူးလိုက်သည်။

" ကလေး ထတော့ ရောက်ပြီ... "

မျက်လုံးကို လက်နှင့် ပွတ်ကာ နိုးထလာ
တဲ့ ကလေး ကို သူ သဘောကျစွာ ပြုံးရယ်
မိသည်။

" ဘယ်နေရာလဲ? "

ပြောလဲ ပြောရင်း ကားမှန်ကနေ အပြင်ကို
သူကြည့်လိုက်တော့ တစ်ခုခု ကို သဘော
ကျတဲ့ ပုံစံဖြင့် ကားထဲကနေထွက်ကာ သူ
ပြေးသွားလိုက်သည်။

" ဟာ... ပင်လယ်ကြီးပဲ "

ကလေး လေး တစ်ယောက် အတိုင်း
ထို ပင်လယ်ကြီးသို့ သွား ရင်း Jimin
ကြည့်နေမိသည်။ အနောက်က Yoongi
က လိုက်လာခဲ့သည်။

" ကျွန်တော် ပင်လယ် ကြီးကို တွေ့ချင်
ခဲ့တာ ဒါက ပထမဆုံးပဲ "

"ပထမဆုံး? "

Jimin ရဲ့ ပထမဆုံး ဆိုသည့် စကားက
သူ့အတွက် အကြိမ်များစွာ နားနဲ့ မဆန့်
အောင် ကြားခဲ့ ရသည်။

" အင်း... အမှန်တိုင်း ပြောရရင်
ဒီနေရာ ကို ကိုကို နဲ့လာချင်ခဲ့တာ"

Yoongi က Jimin ရဲ့ လက်ကို အသာ
လေး ဖိကိုင် လိုက်ရင်း...

" ကလေး လမ်းလျှောက် ကြမလား"

ချက်ချင်း ခေါင်းငြိမ့်လာတဲ့ ပေါက်စလေး

" ဖိနပ်တွေကို ဒီမှာ ထားခဲ့ မယ် "

"အင်း.. ကလေး သဘော "

Yoongi လက်ကို Jimin ဆွဲကိုင်ကာ
သူ့ အနောက်သို့ လိုက်လာခဲ့ရသည်။

ကမ်းစပ်နား ရောက်တော့ သူ့ ခြေချောင်း
သေးသေး လေးတွေနဲ့ ကမ်းစပ်သို့ တက်လာတဲ့ ရေတွေကို ဆော့ကစား နေတဲ့
Jimin လေးကို Yoongi ကြည့်ရင်း
ပြုံးနေမိသည်။

"ကလေး... "

"အင်း... "

Yoongi ရဲ့ လျှက်တပြက် ဝင်လာတဲ့
အနမ်းတွေ... Jimin ပါးလေးကို သူ့လက် ဖြင့် ထိန်းကိုင်ရင်း သူအမြတ်တနိုး
နမ်းရိူက်မိနေသည်။ Jimin ရဲ့လက်တွေ
ဟာ သူ့ရဲ့ ခါးကို တွယ်ဖက်လျှက်...

Baby Boo 지민  ( Completed ) Where stories live. Discover now