Your my future 💛

6.2K 674 28
                                    

(Unicode)

ကလေးနဲ့ ယုံကြည်မှုတွေ နားလည်မှု
တွေနဲ့ တစ်ယောက်မျက်လုံး တစ်ယောက်
ကြည့်ရင်းနဲ့သာ ရှေ့ဆက် ခဲ့တဲ့ ရည်းစား
ဘဝ...

ထို ယုံကြည်မှုတွေ နဲ့ ချစ်ခြင်းတွေကို
တည်ဆောက်မှု အတွက် ကျွန်တော် ၏
ခြေလှမ်း များကို ရှေ့ဆက်တိုးရန် စတင်ရ
တော့မည် မလား.....

"ကိုကို.... "

အနောက်ကနေ လှမ်းဖက်လာတဲ့ လက်သေး
သေးတွေ ကို ကျွန်တော့် လက်နဲ့ ကိုင်
လိုက်ပြီး ညင်နာစွာ နမ်းမိလေတော့သည်

" ကိုကို... ဒီနေ့ ကျွန်တော် ကို ပြောစရာ
ရှိတယ်ဆို.. "

"အင်း... ကလေး
ဒီနေ့ ကိုယ့် မိဘ တွေ ဟောင်ကောင်
ကနေပြန်လာမှာလေ... "

"အင်း... "

"အင်း.. မလုပ်နေနဲ့
ကလေး ကို မိတ်ဆက်ပေးမယ် ကိုယ့် မိဘ
တွေနဲ့ "

"စောနေ သလားလို့? "

Yoongi မျက်မှောင်ကြုတ်လိုက်ပြီး Jimin ကို ကြည့်လိုက်သည်။

" ဘာလို့လဲ??
ကိုယ်က ကလေးကို ပိုင်ဆိုင်ချင်တာ
စောတယ် နောက်ကျတယ် ရှိလို့လား? "

ကလေး က အတင်း ခေါင်းခါကာ

"မဟုတ်ပါဘူး... မဟုတ်ပါဘူး
ကျွန်တော် ပြောတာကလေ အဲ့လိုမဟုတ်
ပါဘူး ကျွန်တော်ကလေ... "

ပြောနေရင်း စကားတိုးဝင်သွားတဲ့ Jimin
ကို Yoongi က စိုးရိမ်စိတ်ဖြင့် ကြည့်မိ
သည်။

" ဘာလို့လဲ? စကားကို ရပ်လိုက်တာလဲ"

"ကျွန်တော်ကလေ... ကျွန်တော်ကလေ...
မိဘမရှိတဲ့လူ.. ပြီတော့ ကိုကိုက Min
ကုမ္မဏီ တစ်ခုလုံးကို အုပ်ချူပ်နေတဲ့လူ
ကျွန်တော့် လို ဘာမှ မဟုတ်တဲ့ လူနဲ့
ကိုကို့ အဖေ က သဘောတူပါ့မလား? "

Yoongi ထို စကားပြောတာ မကြိုက်မှန်း
သိပါလျှက် Jimin ပြောသည်။

" ကလေး အဲ့လို ပြောတာ ကိုယ်မကြိုက်ဘူး
လို့ ဘယ်အချိန်ထိ ပြောနေရမှာလဲ
ကလေး က ဘာလို့ ဘာမှ မဟုတ်တာလဲ
ကလေးက ကိုယ်တန်ဖိုး ထားရတဲ့သူ
ကိုယ့် အသက်လောက်ထိကို ချစ်ရတဲ့သူ
ကလေး ကိုသာ ကိုယ်မပိုင်ဆိုင်ရ ရင်
ရူးပြီး သေသွား ရလိမ့်မယ်.. ဒီလောက်
ကလေးက ကိုယ့် အတွက် အရမ်းအရေးပါ
တယ်... "

Baby Boo 지민  ( Completed ) Where stories live. Discover now