( Unicode)
ဝေလီဝေလင်း အချိန် ၅ နာရီ လောက် bell လာတီးသည့် အချိန်ကြောင့် လူက
လန့်နိုး သွားသည်။လူမထွက်မလာချင်း တီးနေသည့် bell ကြောင့် အိပ်ချင်ယောင်ဆောင်လို့ မရပေ။ ထို
ဘဲလ်တီးသည့် အသံကြား ရာဆီ သို့ လာခဲ့လိုက်သည်။"ဘယ်သူလဲ "
တံခါး ဖွင့်တော့ တွေ့လိုက်ရတာက
"Jimin... morning"
"TaeHyung က ဘယ်လိုလုပ်ပြီး "
"ဧည့်သည်ကို အထဲလေးလဲ ဝင်ခိုင်း
ပါအုံး "သူ့ဘာသာ သူတယောက်တည်း ပြောပြီး
အထဲကို ဝင်လာလေတော့သည်။"ဘာလာ လုပ်တာလဲ အစောကြီး "
"ဒီနေ့မနက် တင်ပဲ ငါ့ Jung Kook က ခရီးသွားမယ်ဆိုပြီး ထွက်သွားတာ ငါလဲ
အိမ်မှာ တယောက်တည်း မနေချင်တာနဲ့
ပဲ ဒီကို ထွက်လာလိုက်တာ ""သူဌေး ဆီ သွားလေ "
"ဒီ အချိန်ကြီး သွားတော့ သူက ငါ့ကို ကန်ထုတ်မှာပေါ့ "
"သူ့ သူဌေးကျတော့ ကြောက်သား ဘာလို့
ကျွန်တော့် ဆီလာတာလဲ ""ငါ စဉ်းစားပါသေးတယ် အကုန်လုံးက ဒီချိန်
အိပ် နေကျတုန်းပဲ လေ ငါသွားရင် အကုန်လုံး က အိပ်ရေးပျက်ကုန်မှာ""ကျွန်တော် ကရော "
"မင်းက တော့ ချွင်းချက် ပေါ့ "
Boxing smile လေးကိုပြုံးပြရင်း မီးဖို
ခန်းထဲ သို့ ဝင်သွားသော TaeHyung ကို
သာကြည့်နေမိသည်။"မင်း အိပ်ချင်ရင် ပြန်အိပ်လေ ငါ မနက်စာ
လုပ်ပေးထားမယ် "သူ့လက် နှစ်ဖက်လုံး တွင်ဝယ်လာသော
အထုတ်တွေကို မပြ ရင်း ပြောလိုက် ခြင်း
ဖြစ်သည်။"ရတယ် မအိပ်တော့ဘူး ဧည့်သည် တယောက် တည်းကို တော့ ဒီလိုမျိူး မလုပ်ခိုင်းပါ
ဘူး ""ချစ်ဖို့ ကောင်း လိုက်တာ ဒါကြောင့်လဲ
ဟိုက မင်းကို သည်းသည်း လှုပ်ဖြစ် နေတာ"ပါးဖောင်းဖောင်း လေးကို ဆွဲဖစ် လိုက်ပြီး
ဆံပင်လေးကို အသာလေး ဖွလိုက်သည်။