You're my little baby 💛

8K 810 28
                                    

(Unicode)

"အထဲကို ဝင်လာခဲ့ရမလား?
နားချိန် ဆိုတော့ "

စားပွဲ တလုံး တွင် ဖိုင်တွဲအပြည့်ဖြင့် အလုပ်
ရူပ်နေစဉ်တွင် အနားက message ကြောင့် တုန်တက်လာသော ဖုန်းကို ယူဖွင့်
လိုက်သည်။

"ကလေး အားရင် လာခဲ့ အထဲမှာ
ကိုယ်ရှိတယ် "

Message ပို့ပြီး မကြာဘူး ဘယ်အချိန်
ထဲက အထဲကို လာချင်နေမှန်း မသိတဲ့
အကောင်ပေါက်လေး ချက်ချင်း ကို ဝင်လာ
ပါရော

"ကလေး ထမင်းရော စားပြီးပြီလား ?"

ကလေး မျက်နှာကိုမကြည့်ပဲ ဖိုင်တွဲ အချိူ့
သာကြည့်ရင်း မေးလိုက်သည်။

"အင်း.... ကိုကိုရော "

"ကိုယ် TaeHyung ကိုသွားဝယ် ခိုင်း
ထားတယ် "

တချိန်လုံး ထို ဖိုင်တွဲ ကိုသာကြည့်နေတာ
ကြောင့် အကောင်ပေါက်လေးက စိတ်မရှည်
သောလေသံဖြင့်.....

"ဒါကြီးပဲ လုပ်နေတော့မှာလား?? "

ကလေး မေးလိုက်မှ ထို ဖိုင်တွဲကို မျက်စိ
ခွာလိုက်ပြီး ကလေး ကိုကြည့်လိုက်တော့
နူတ်ခမ်းကြီး ဆူပြီး ထိုင်နေလေသည်။
ကြည့်ရတာ စိတ်ဆိုးသွားပြီ ထင်ပါရဲ့...

"ကလေး... "

ကျွန်တော်ခေါ်တော့ ပြန်မထူးပဲ ခေါင်းမော့
ပြပြီး ပြန်ကြည့်တော့

"လာ... ကို့ နားကို လာခဲ့ "

ခေါ်တော့ မဆိုင်းမတွဘဲ လာတဲ့ ကလေး
ပြောစကားတော့ နားထောင်သား..

"ထိုင်.. "

"ဘယ်မှာလဲ "

သူပြန် မေးလဲ မေးချင်စရာ ထိုင်စရာလို့
ဖိုင်တွေနဲ့ ပြည့်နေတဲ့ စားပွဲရယ် ကျွန်တော်
ထိုင်ထားတဲ့ ထိုင်ခုံ ရယ်ပဲ ရှိတယ်

"ကို့ ပေါင်ပေါ်လား?? စားပွဲ ပေါ်မှာလား??
ဘယ်မှာ ထိုင်မလဲ "

Baby Boo 지민  ( Completed ) Where stories live. Discover now