Don't tough my Jimin

7.7K 781 38
                                    

( Unicode)

"ဒီ အချိန်ကြီး Jimin ကနိုးပြီလား?? "

အနောက်နေပါလာတဲ့ Hoseok က
အရှေ့ ကနေ ကတော့ ကတော့ နဲ့ လမ်း
လျှောက်နေတဲ့ TaeHyung ကို လှမ်းမေး
လိုက်သည်။

"နိုးနေပြီ Jimin က မနက် 6 နာရီ ဆိုတာ
နဲ့ ဒေါင် ခနဲ နိုးနေပြီ"

"ဒါဆိုလဲ ပြီးတာလဲ "

"Hyung တို့က လဲ မြန်မြန် လာလေ "

အနောက်နေ အထုတ်ပေါင်း များစွာဖြင့်
သယ်လာ ရတဲ့ Hoseok နဲ့ Seokjin
က အလို မကျနဲ့ မျက်နှာ နဲ့ ကြည့်လျှက်

"မင်းလဲ သယ်ပါအုံး ငါတို့ စားမှာ ချည်း
မဟုတ်ဘူး မင်းလဲ စားမှာလေ "

"Hyung တို့ပဲ သွားချင်တယ် ဆိုလို့
လိုက်ပို့ ပေးတာလေ ဘာလဲ ကိုယ်ဟာ့
ကိုယ် သွားမလား "

TaeHyung ပြောလိုက်တော့ Jimin
အိမ်ကို မသိတဲ့ နှစ်ယောက်က မျက်နှာ
ဆူပုပ်ပြီး အထုပ်တွေကို မကာ TaeHyung နောက်ကိုသာ လိုက်လာ
လေတော့သည်။

" ရောက်ပြီ Jimin အိမ်ပဲ "

"ဒါဆို လဲ လူခေါ် bell နှိပ်လိုက်တော့
လူက ညောင်းလို့ သေတော့မယ် "

ပြောလဲ ပြော အထုပ်တွေကို တံခါးဝ မှာ
ချလိုက်တဲ့ Kim Seokjin

" လူခေါ် bell နှိပ်စရာ မလိုဘူး သူ့အိမ်
က password ကို သိပြီသား "

Password ကို နှိပ်လိုက်ပြီး အိမ်ထဲသို့
ရှေ့ဆောင် လမ်းပြ ဝင်သွားတဲ့ TaeHyung အနောက် ကို Seokjin.
နဲ့ Hoseok က လိုက်သွားလေသည်။

"မီးလဲ မဖွင့်ထားဘူး
ဘာအသံ မှလဲ မကြားရဘူး မနိုးသေးတာလား မသိဘူး "

အထုတ်တွေကို မီးဖို ချောင်က စားပွဲ ပေါ်
ကိုသွား တင်လိုက်တဲ့ Hoseok
အမေးကို Seokjin က ရေသောက်ရင်း
ထောက်ခံလိုက်သည်။

"အေးလေ အားနာစရာကြီး"

"အား မနာနေနဲ့ Hyung တို့ပဲ အိမ်ထဲ
ရောက်နေပြီ သူ့ အခန်းထဲ ဝင်ကြည့်ပြီး
သွားနှိုးမှ "

Jimin အခန်းတံခါးကို သွားဖွင့် တော့
မြင်လိုက် ရတာက အခြားလူ တယောက်
ရင်ခွင် ထဲမှာ ကွေးကွေး လေး အိပ်နေတဲ့
Jimin.....

Baby Boo 지민  ( Completed ) Where stories live. Discover now