He want to Adult Park Jimin

7.2K 782 111
                                    

(Unicode)

ယနေ့ Jimin အိမ်သို့ သူ့အကို တစ်ဝမ်း
ကွဲ Kim NamJoon ရောက်ချလာသည်

"Park Jimin!! "

အရှေ့ ကနေ လှမ်းခေါ်လိုက်တဲ့ သူ့နာမည်
ကြောင့် ကြောင်လေးကို အစာကျွေးနေသည့်
လက်များ ရပ်တန့် သွားသည်။

" ဘယ်သူလဲ "

ထိုင်နေရာကနေ ဖင်မကြွဘဲ လှမ်းပြီး မေးလိုက်တဲ့ Jimin

"ငါ...ဟေ့ ငါ ..ငါ"

နာမည်မပြောဘဲ တစ်ငါ ငါ နဲ့ ပြောနေတဲ့
သူကြောင့် Jimin မျက်မှောင်ကြုတ် လိုက်
ပြီး မတ်တပ် ရပ်လိုက်သည်။

" လာပြီ... လာပြီ "

တံခါး ကို ဖွင့်လိုက်တော့ သူ အတော်အတန်
မတွေ့ရ တာ ကြာပြီ ဖြစ်တဲ့ သူ့အကို

"Hyung.... "

"Jimin.... ငါ့တို့ Jimin လေး"

သူ့ ညီဖြစ်တဲ့ အကောင်သေးသေး လေးကို
လှမ်းဖက်လိုက်သည်။

"Hyung.. လာမယ်ဆိုလဲ ကြိုပြောပါလား"

ပါးချိူင့်ကြီး နစ်ဝင်သွားအောင်ပြုံးပြကာ

" ဘေလ် ကုန်သွားလို့"

" လာ အထဲ ဝင် မနက်စာ စားပြီးပြီလား"

" ဟင့်အင်း...... "

Jimin ဝင်လာတော့ အနောက်ကနေ
လိုက်လာတဲ့ NamJoon

"ထိုင်အုံး ခေါက်ဆွဲပြုတ်ပေးမယ် စားမလား"

" အင်း... လုပ်လေ "

Namjoon ထိုင်ခုံမှာ ထိုင်ရင်း အိမ်ရဲ့
နေရာ အနှံ့ ကို မျက်လုံးဖြင့် လိုက်ကစား
ပြီး ကြည့်နေလေရဲ့

"ကြောင် မွေးထားတာလား? "

"မဟုတ်ပါဘူး.... မနေ့က ခြံဝမှာ တွေ့
နေတာနဲ့ အိမ်ထဲ ခေါ်သွင်းထားတာ"

ခေါက်ဆွဲပြုတ်နေရင်း လှမ်းပြောလိုက်သည်

"အော်.... ဒါနဲ့ မင်း အခုထိ ရည်းစား
မရသေးဘူးလား "

ခေါက်ဆွဲပြုတ် အိုးကို ယူလာပြီး စားပွဲ
ပေါ် တင်လိုက်သည်။

" ရှိတယ်.... "

"ခွီး..... "

NamJoon ထရယ်တော့ Jimin ကြောင် သွားသည်။

Baby Boo 지민  ( Completed ) Where stories live. Discover now