Min Yoongi is not stupid :)

8.3K 855 71
                                    

( Unicode)

ကုမ္မဏီ သို့ သွားရန် ကားအနောက် ခန်းမှာ ထိုင်လိုက် ပြီး လက်ထဲတွင် အသင့်ပါသော ဖိုင်လေးကို ထုတ်ဖတ်သည်။

"နာရီ ဝက်ကျော် နေပြီ ဘယ်မလဲ TaeHyung"

လက်တွင် ပတ်ထားသော Rolex နာရီလေး
ကိုကြည့်ပြီး ငြီးမိသည်။

"သူဌေး နောက်ကျသွားလား "

"ဘာလုပ်နေတာလဲ"

"အိမ်သာဝင် နေတာပါ"

"အိမ်မှာ ကတည်းက တခါတည်း လုပ်လာလေ"

"ဟာ သူဌေး က မနက် ၆နာရီ သူဌေး အိမ်ကို အရောက်ဆို ကျွန်တော် နိုးတာက ၅ နာရီခွဲလေ"

"ကျန်တဲ့ အချိန်မှာ လုပ်လို့မရဘူးလား"

"သူဌေး အဝတ်အစား မနက်စာ ကိစ္စမှန် သမျှ အကုန် ကျွန်တော်ပဲ လုပ်ပေးရတာလေ"

"စောစောစီးစီး အိပ်ယာကထ လေ"

"သူဌေးတောင် နိုးလို့လား"

"မင်း ငါ့ကိုခံပြောနေတာလား "

"အကျိူး အကြောင်းကို ရှင်းပြတာလေ"

"ကဲ တော်တော့ မြန်မြန်မောင်းတော့ "

=======

ဖိုင်တွဲ အချိူ့ ကို လက်ထဲတွင် ထားပြီး ကားမှန် အပြင်ဘက်သို့ငေး ကြည့်နေမိသည်။ အရှေ့ နားက ကောင်လေး ကိုကြည့်မိလိုက်တော့ Jimin လေး ကားစောင့်နေသည် ထင်ပါရဲ့

"TaeHyung ကားခဏ ရပ်"

"ဘာလုပ်မလို့လဲ သူဌေး ဘာဝယ်မလို့လဲ "

"လူခေါ်တင်မလို့"

"ဟင်!! သူဌေး ကားပေါ်ကို ဘယ်တုန်းက လူခေါ်တင်ဘူးလို့လဲ "

"ဟိုး မှာတွေ့လား ကောင်လေးကို "

"တွေ့တယ်လေ ဘာလဲ သူ့ကိုခေါ်တင်မလို့လား"

"အေး"

TaeHyung ကားကို ကောင်လေး အရှေ့နားကို တိုးရပ် လိုက်ပြီး အနောက်ခန်းက
မှန်ကို ချကာ....

"ကောင်လေး "

"..သူဌေး"

"မင်း ကားစောင့်နေတာမလား လာကားပေါ်တက်"

ကျွန်တော့်ကို ကြောင်ကြည့်နေသည့် ကောင်လေး..

"လာတက်လေ"

Baby Boo 지민  ( Completed ) Dove le storie prendono vita. Scoprilo ora