Trust Me baby 지 [1]

6.8K 707 64
                                    

( Unicode)

Jimin အကောင်သေး လေး အိပ်ယာ
ထ ချိန် နောက်ကျသောကြောင့် အလုပ်
ကို ခပ်သုပ်သုပ် လာခဲ့သည်။

ကုမ္မဏီ ဝင်ပေါက်ဝ ခဏ ရပ်လိုက်ပြီး
ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို ပြင်ကာ ကုမ္မဏီ
ထဲသို့ ခြေလှမ်းများ ဝင်လာခဲ့သည်။

" တော်သေးတယ် အချိန်မှီရောက်လို့"

ညာဘက် လက်က လက်ပတ်နာရီ ကြည့်
ရင်း elevator ထဲသို့ ဝင်ကာ အထပ်
10 ထပ်သို့ တက်လာခဲ့သည်။

မကြာမှီ အထပ် 3 ထပ် မြောက်တွင် elevator အထဲသို့ ခတ်လပ်လပ် မိန်းမ
တစ်ဦး ဝင်လာခဲ့သည်။

ထို elevator ထဲတွင် Jimin နှင့် ထို အမျိူးသမီး နှစ်ဦးသာ ရှိသည်။ Jimin
သူ့ဘေး နားက အမျိူးသမီးကို မသိမသာ
ကြည့်မိ လိုက်သည်။

ဖွေးဥနေသော အသားရည်ပေါ်တွင် အနီရောင် ကုတ် လက်ရှည် နှင့် အနီရောင် ဘောင်း
ဘီ အရှည် ကို လိုက်ဖက်စွာ ဝတ်ဆင်
ထားည်။ နက်မှောင်နေတဲ့ အမဲရောင် ဆံပင်
က ခါးလယ်လောက်ရှိမည်။ ဖြောင့်တန်းပြီး
ချွန်မြ နေတဲ့ နှာတံရယ်... ဖောင်းနေသော
ပန်းရောင်ပါးလေးရယ်.... ခပ်ပါးပါး နူတ်ခမ်း
လေး တစ်စုံ.....

Jimin ဘက်သို့ လှည့်ပြီး အပြုံးတစ်ခုကို
သူ့နူတ်ခမ်း က တောက်ပစွာ ထွက်လာသည်။ ပြုံးလိုက်တော့ ထင်းနေတဲ့ ပါးချိူင့်...

Jimin လေး ဘက်ကလဲ အလိုက်သိ
ပြုံးပြလိုက်သည်။ သူသွား မည့်အထပ်
10 ထပ်ရောက်တော့ ထွက်လာလိုက်သည်။

" ဟိုး... တစိတ်လောက်"

Jimin အရှေ့ က သွားနေတုန်း
အနောက်က အမျိူးသမီးသံ ကြားတော့
လှည့်ကြည့်မိသည်။ စောနက အမျိူးသမီး...

" ကျွန်တော့်ကိုလား?? "

"ဟုတ်ကဲ့ မေးစရာလေး ရှိလို့... "

"ဟုတ်ကဲ့ ရပါတယ် မေးပါ "

" ဒီကနေ သူဌေး Min အခန်းက ဘယ်လို
သွားရလဲ "

" ဒီအရှေ့ တည့်တည့်ကနေ သွားပြီး
ဘယ်ဘက်ကို ချိူးလိုက်ရင် ရောက်ပြီ "

" အာ... ဟုတ် ကျေးဇူးပါနော်"

" အဆင်မပြေရင် လိုက်ပို့ပေးရမလား?? "

Baby Boo 지민  ( Completed ) Where stories live. Discover now