ပို၍...ပို၍ (၁)

4.7K 209 4
                                    

တူ..တူ..တူ......!

နှိုးစက်ကို ဂျောက်ကနဲ မြည်အောင် ပိတ်လိုက်ပီး ကိုယ်လက်ဆန့်ကာ အိပ်ယာမှ ထလိုက်သည်။

နံနက်(၄:၀၀)နာရီဆိုတာ တစ်ပါးသူတွေ အတွက် စောလွန်းပေမဲ့ ကျွန်တော်အတွက်က
ပုံမှန်ထချိန်ပင်။

ကိုယ်လက်သန့်စင်ပီး မနက်တိုင်းပြေးနေကျ ရပ်ကွက်ထိပ်က ကစားကွင်းဆီ ထွက်လာပါတော့တယ်။

ကျွန်တော်တို့ ရပ်ကွက်ထိပ်က ကစားကွင်းလေးမှာ ခေတ်မှီစက်ပစ္စည်း မရှိပေမဲ့ လက်လေ့ကျင့်ခန်း ခါးလေ့ကျင့်ခန်း ဘားတန်း တို့က လူကြီးတွေအတွက် လုံလုံလောက်လောက် ရှိသလို ချား စီးလျှော ဒန်း နဲ့ လှုပ်လှုပ်ရွရွဖြစ်အောင် စပရိန်တပ်ထားတဲ့ ကလေးစီး အကောင်ပလောင်လေးတွေလည်း ရှိတာမို့ လူမပျက်ပဲ စည်ကားနေတော့သည်။

မိုးတွင်းလောက်သာ Gym သွားပီး ကျန်တဲ့ ရာသီခွင်တွေမှာ မနက်စောစောထပီး လေ့ကျင့်ခန်း လုပ်နေကျပါ။

ကိုယ်တိုင်က ဆရာဝန်မို့ ကျန်းမာရေးကို သေးသေးလေးကအစ ဂရုစိုက် စားသောက် နေထိုင်တက်သလို၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အကြံပေး ကူညီတက်တဲ့ သဘော မနော ကောင်းသူလေးရယ်ပါ။

မနက်(၈:၀၀)နာရီမှာ ရေမိုးချိုး အားလုံးပြင်ဆင်ပီး အောက်ထပ်က ထမင်းစားခန်းဆီ ဆင်းလာခဲ့သည်။

မီးဖိုခန်းထဲမှ ကော်ဖီစက်ထဲ ကော်ဖီမှုန့်ကို ထည့်ကာ ပလပ်တပ်လိုက်သည်။

ပီးနောက် ပေါင်မုန့်အလွတ်ကို ထောပတ်သုတ်ကာ ပေါင်မုန့် မီးကင်စက်ထဲထည့်ပီး ခဏစောင့်နေလိုက်သည်။

သတ်မှတ်ချိန် ရောက်တော့ ဂျောက်ကနဲမြည်သံ နှင့်အတူ ကင်ပီးသား ပေါင်မုန့်ထွက်လာတော့ ညှပ်နဲ့ယူကာ ပန်းကန်ထဲထည့်လိုက်သည်။

ကော်ဖီစက်မှ နှပ်ထားသောကော်ဖီကို ခွက်ထဲ အနည်းငယ် လောင်းထည့်လိုက်ပီး သကြားတစ်ဇွန်း ထည့်ကာ မွှေလိုက်သည်။

အခါးမကြိုက်သူတွေအတွက်တော့ သေလောက်အောင် ခါးမယ့်အမျိုး။

(၅)မိနစ်ခန့်ကြာတော့ စားပီးသား ပန်းကန်ခွက်တို့ကို ဆေးကာ လက်ဆွဲအိတ်ယူပီး ဆေးခန်းကို ကားမောင်းကာ ထွက်လာလိုက်သည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now