ပို၍...ပို၍ (၅)

1.8K 124 7
                                    

အမှောင်ယံကို ဖြန့်ကျက်ထားတဲ့ လရောင်အောက် တစ်ရွာလုံးအိပ်မော ကျနေလေသည်။

မအိပ်နိုင်သူအချို့ကတော့ အနက်ရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားပီး ကျောပိုးအိတ် ကိုယ်စီလွယ်ကာ ရွာစည်းရိုး အပြင်ဘက်မှ တောထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားပါတော့သည်။

ညရဲ့တိတ်ဆိတ်မှုက အေးစက်စက်နဲ့ ခြောက်ခြားဖွယ် ကောင်းနေပါသည်။

တောလမ်းအတိုင်း ဝင်ရောက်သွားနေသူ အချို့ရဲ့ ခြေသံကလွဲပီး ဘယ်သူမှ မရှိတဲ့ ပတ်ဝန်းကျင်က ပိုပီးအေးနေသယောင်။

"သခင်လေး ဟိုဘက်တောစပ်ဆို ရောက်ပါပီ"

"အချိန် ဘယ်လောက် ရလဲ"

"နောက်တစ်နာရီဆို ပီးပါပီ"

"သေချာဂရုစိုက်မယ် အမှားအယွင်း မဖြစ်စေနဲ့"

"ဟုတ်ကဲ့ "

မြေပွပွလေးတွေကို ခပ်နက်နက်တူးထားတဲ့ တွင်းပေါ် သစ်ကိုင်းခြောက်တွေ ပြန်အုပ်ကာ သစ်ရွက်ခြောက်တွေ ကျဲလိုက်သည်။

သစ်ပင်မြင့်ကြီးတွေပေါ် ပတ်လျှိုထားတဲ့ ကြိုးကို မြေပေါ်က မြက်ပင်တွေကြားမြုပ်နေတဲ့ ကြိုးတန်းသွယ်တွေနဲ့ ချိတ်ဆက်ထားပီး တိုက်မိချိန် ကွက်တိဖြစ်နေမယ့် အနေအထားတွေနဲ့ စီးကြိုနေတယ့် ထောင်ခြောက် အသေးစားတွေ။

"အသက် အန္တရာယ် မထိခိုက်စေနဲ့ ငါကသူ့ကို သတိပေးယုံလေး လုပ်မှာ"

"ဟုတ်ကဲ့ သခင်လေး"

"စစ်ပီးပီလား "

"စုရပ်ကို ပြန်လို့ရပီ သခင်လေး"

"အေး"

တိတ်တဆိတ် လှုပ်ရှားမှုတွေ ပီးသွားပီး ထွက်ခွာသွားသူတချို့ မရှိတော့သောအခါ တောနက်က ပြန်လည်တိတ်ဆိတ် သွားပြန်ပါတော့သည်။

________More...more_______

"မဟုတ်ဘူး မသွားနဲ့ No......."

"Papiiii အိပ်မက်မက်နေတာလား"

လူကငုတ်တုတ်ထိုင် အနေအထားဖြစ်သွားတဲ့အခါ ဘေးကုတင်ကနေ ကျွန်တော်ကုတင်ဘေး မတ်တပ်ရပ်နေသော ဘေဘီကို တွေ့လိုက်ရသည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now