ပို၍...ပို၍ (ဇာတ်သိမ်း)

2.1K 93 2
                                    

ဘေဘီရယ် ကျွန်တော်ကို စိတ်ကောက်နေတာများ မြင်မကောင်းဘူး။

Romaticမဆန်လို့တဲ့လေ၊ ကျွန်တော်ကလည်းကျွန်တော်ပဲ တစ်ခုခုလိုချင်တယ်မပြောခင် ပြေးပီးဝယ်ပေးလိုက်တယ်၊ ဒါလေးလှလိုက်တာဆိုရင် ထွက်သမျှsetလိုက် အိမ်ရောက်နေတာမျိုး၊ အကောင်းဆုံးဆိုလဲ အမြဲတမ်းလုပ်ပေးချင်တာမျိုး၊ အဲ့ဒါတွေကြောင့်လဲ စေတနာတွေ ရေစီးကမ်းပြိုပီး ဘယ်မှာ ဘယ်လို လုပ်ချင်လဲ ဆိုတဲ့ စကားလေး
မဆက်ရသေးခင် ဘေဘီ စိတ်ကောက်နေပါပီ၊ ငိုလိုက်တာလဲ အရမ်းပဲဗျာ၊ ကျွန်တော် ဘယ်လိုချော့ရမလဲတောင် မသိတော့တဲ့ထိ ကောက်တာ၊ အဲ့သည်နေ့ကစပီး အနားကိုကပ် မခံတော့တာဗျာ၊ Off Off အတော်တုံးတာပဲ၊ ထမင်းစားရင်းများ ပြောရတယ်လို့။

လက်ထပ်ခွင့်တောင်းပီးတစ်ပတ်အကြာ!

"ဘေဘီရေ ဘေဘီ ဘေဘီရေ"

အိမ်အောက်ထပ်ကနေ အသားကုန်အော်နေတာမို့ အိပ်ပျော်နေရင်း နိုးလာရပါသည်။

ရှေ့ရက်တွေက သွားစရာမလိုတဲ့ အလုပ်မှာ နေ့တိုင်းရုံးတက်ရုံးဆင်းလုပ်ကာ ဒီအတောတွင်း အလုပ်နဲ့ ဝေးနေတာမို့ ဆရာမကြီးတို့နဲ့လဲ
စကားပြော ဘာညာနဲ့ ခန့်ထားတဲ့ဆရာဝန်လေးတွေနဲ့ပါ ဆေးပညာအကြောင်း ဆွေးနွေးဖြစ်သေး။

စိတ်ပြေရာပြေကြောင်း လုပ်နေသမျှ ဘာမှမပြေ၊ ခုလည်းအောက်ထပ်ကနေ အိမ်ကြီးကွဲသွားအောင် အော်နေတာများ နားဆင်းရဲရပါသည်။

ဒေါက်...ဒေါက်...ဒေါက်!!

"သခင်လေးရှင့် သခင်ခေါ်နေပါတယ်"

ဟွန်း လာခေါ်ခိုင်းထားတဲ့ လူရှိနေတာပဲ အသံပြဲနဲ့အော်နေသေးသည်။

"လာပါပီဗျ"

အသံပြန်ပေးရင်း ပွယောင်းယောင်းဆံပင်ကို လက်နှင့်သပ်ချကာ မှန်ကိုပြေးကြည့်ရင်း တွန့်နေတဲ့အင်္ကျီကိုလည်း ဟိုဆွဲချ ဒီဆွဲချ၊ အဆင်ပြေတော့မှ အခန်းခန်းအဆောင်ဆောင်တို့ကို ပြေးလွှားကျော်ဖြတ်ရင်း လှေကားထိပ်ရောက်မှ ကိုယ်ရှိန်သပ်ကာ တစ်လှမ်းချင်း ဆင်းပါတော့သည်။

အောက်ထပ်ကိုလှမ်းကြည့်တော့ ပုံးလေး(၂)ပုံးကို ဟိုရွှေ့ ဒီမနဲ့ ထားစရာမရှိအောင် မခိုင်းနေလေသည်မို့ ဘာရှိနေတာပါလိမ့်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now