ပို၍...ပို၍ (၉)

1.6K 91 0
                                    

ပြတင်းပေါက်ရဲ့ ဘေးတစ်ဖက် တစ်ချက်စီကို ဆွဲစီးထားတဲ့ အနီရောင်လိုက်ကာစက လေအဝှေ့မှာ တဖျတ်ဖျတ်လွင့်နေလေသည်။

စီးကရတ်ကို ခပ်ပြင်းပြင်းဖွာလိုက်ကာ စားပွဲခုံနားမှီရပ်ရင်း ငွေရေနေသော တပည့်တွေဆီ အကြည့်ပို့လိုက်သည်။

ခုတစ်လော ရဲတွေမလာခင် ပစ္စည်းထားရာနေရာတွေ အရင်ရောက်သွားပီး ကောက်သင်းကောက်သလို အတိုမစပါမကျန် သိမ်းဆည်းယူဆောင်ထားတဲ့ သစ်တွေကြောင့် အရှုံးပေါ်ထားတဲ့ ဘိန်းလုပ်ငန်းကို ကာမိနေလေသည်။

ဆယ်ခါထပ်မနည်း ပိုင်ရှင်မဲ့ ပစ္စည်းတွေဟာလည်း ရဲလက်ထဲမရောက်ပဲ ပျောက်ခြင်းမလှ
ပျောက်ဆုံးရတာမို့ သတင်းစာခေါင်းကြီးပိုင်းမှာ နေ့စဉ်ပါဝင်နေလေသည်။

စနစ်တကျစီထားတဲ့ ပိုက်ဆံတွေကတော့ မက်မောဖွယ်အတိ ဖြစ်စေတဲ့ထိ သန်းပေါင်းများစွာက စက္ကူပုံးတွေထဲ အမြောက်အမြား။

"သခင်ကြီး ကျွန်တော်တို့ ငွေဖြူပြောင်းပီးသွားတာနဲ့ UK ကbankကိုလွှဲလိုက်မယ်"

"အစစအရာရာ ငါစိတ်ချမယ်"

"သခင်ကြီး အဆင်သင့်ပြင်ပီးပါပီရှင်"

ကားအသင့်ဖြစ်ပီမို့ ဦးတည်ရာကတစ်ခုတည်း။

_______More...more_______

"ဘေဘီ မပီးသေးဘူးလား"

"ပီးပီ"

"အမ် ဒါပဲလား"

"Papiiiii ဒါတောင် Gun လက်နာနေပီ"

ပန်းကန်ထဲက စိပ်ထားတဲ့ သစ်သီးတွေကို လှလှပပလုပ်ပီးသယ်လာတယ်။

နီနေတဲ့လက်ကိုလည်းပြပီး နာနေကြောင်းပြောသေး။

"ဘေဘီရာ အန်တီကြီးတို့ကိုလုပ်ခိုင်းပါလို့
ပြောတယ်လေကွာ"

"Gunကိုယ်တိုင်လုပ်ပေးချင်တာ"

"အား ချိုလိုက်တာကွာ စားဖူးသမျှအသီးတွေထဲ ကိုယ့်ဘေဘီလေး ကိုယ်တိုင်လုပ်ပေးတာက အချိုဆုံးပဲ"

"အာာာာာာာာာ"

အာာာလို့ နှုတ်ခမ်းလေးဟကာ အသံမြည်ပီး ကျွန်တော်ပါးစပ်ထဲ တမျိုးပီးတမျိုး ကျွေးနေပါတော့သည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now