ပို၍...ပို၍ (၈)

1.6K 90 1
                                    

ဖြောင်း...ဖြောင်း...ဖြောင်း!!!

လက်ခုပ်သြဘာသံတွေ ညံစီကာ လူအသီးသီးရဲ့ မျက်နှာပေါ် အပြုံးပန်းတွေ ဝေနေလေသည်။

ရွှေရောင်အနားကွပ် အဖုံးတပ်စာအုပ်ဖိုင်မှာ လက်မှတ်ထိုးပီး လက်ဆွဲနှုတ်ဆက်ကာ အသိမှတ်ပြု အပြုံးတွေ အပြန်အလှန် ပြုလုပ်ရင်း။

"ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ အရွယ်အိုသူတွေ နားခိုရာ ဘိုးဘွားတို့ရဲ့ရိပ်မြုံလေး အခုလို ခမ်းခမ်းနားနား အောင်မြင်စွာပြီးဆုံး ခဲ့ရတာက သူဌေးကြီးမိုးမြေနဲ့ သူဌေးကြီး ချရဝန်ပရချာတို့ ဦးစီးဦးဆောင် ဆောက်လုပ်လှူဒါန်း ခဲ့တာကြောင့် လက်ခုပ်သြဘာများနဲ့ ဂုဏ်ပြုပေးပါအုန်းဗျ"

"ဖြောင်း ဖြောင်း ဖြောင်း ရွှီးးးးး"

"အခမ်းအနားကြီး အောင်မြင်စွာ ပီးဆုံးကြောင်း ကြေငြာအပ်ပါတယ်ခင်ဗျ"

လက်ခုပ်သံတွေ အတောမသတ်နိုင်အောင်ပင် ထောပနာပြုကျလေသည်။

"ဒီနေ့ကစပီး ကျွန်တော်တို့တွေ ပါတနာ ဖြစ်သွားပီးနော်"

"ဟုတ်တာပေါ့ဗျာ ကြီးသူထံက သင်ယူလေ့လာရမှာတွေ လမ်းပြပေးပါအုန်း"

"ဟာ မောင်မိုးမြေရယ် အန်ကယ်လို အိုကြီးအိုမဆီက ဘယ်နှယ့် သင်ယူစရာ ရှိရမလဲ လေ့လာမယ့်လေ့လာ မောင်ရင်တို့ကမှ ခေတ်နဲ့မျက်ချေမပျက်တော့ အန်ကယ်ကတောင် တစ်ဆင့်ပြန်သင်ရမယ်ဗျာ"

အလာပ သလာပ စကားတွေအဆုံးမှာတော့ ဒီလူကြီးဟာ စကားရေးကျွမ်းကျင်ပီး လှည့်ပတ်ပြောဆိုတက်တဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။

ဒီpjကိုလည်း သူငယ်ချင်းဖြစ်သူထံမှ လက်လွှဲယူကာ တမင်ရင်းနှီးအောင် လုပ်လိုက်ခြင်းပေမို့ ဟန်ဆောင်နေရပေမဲ့ ခပ်ရိပ်ရိပ်ဆွေးနေတဲ့ မျက်လုံးတောက်တောက်ရဲ့ နောက်ကွယ်က ဝမ်းနည်းဓါတ်ခံကို မည်သူတစ်ဦးတစ်ယောက်မှ မရိပ်မိ။

သတ်ချင်နေသည်၊ ဘယ်သူဘယ်ဝါရယ်လို့ သိလိုက်ပီးတဲ့နောက် လက်စားချေချင်သည်။

မှန်အနက်ကာရံထားသည့် ကားအတွင်းဘက်ခြမ်း မှာတော့ Lover seatရဲ့နောက်
ကိုနောက်မှီလှန်ချကာ မျက်လုံးမှိတ်ပီး တိတ်ဆိတ်နေတဲ့ ကောင်လေးတစ်ယောက် ထိုင်နေသည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now