Laptop တစ်လုံးရဲ့တတောက်တောက် မြည်သံတွေကြောင့် မနက်စာစားပီးကတည်းက screenကြီးပေါက်ထွက်မတက် အလုပ်ရှုပ်နေသော ကျွန်တော်ဘေဘီ။
အလုပ်မသွားပဲ နားထားတာနဲ့အမျှ အိမ်မှာတော့ အပတ်စဉ်ပို့ပေးတဲ့ Mailတွေကို စစ်ရ၊ ပြန်ပို့ရနဲ့ လုပ်နေဆဲ။
ခုလည်း ကျန်းမာရေးကောင်းလာတဲ့ ကျွန်တော်ကို လွှတ်ထားလို့ရပီဆိုတော့ သူ့အလုပ်တွေထဲ ခေါင်းမြုပ်နေတာများ ခုဆိုတစ်ပတ်နားနီးနေပီ။
ပျင်းတယ်...!!!
အတော်ကိုပျင်းတယ်....!!!
မသိလျှင် ခပ်လှမ်းလှမ်းက Sofaပေါ်ထိုင်နေတဲ့ ကျွန်တော်က သက်မဲ့အရုပ်ကြီးအလား။
အခန်းဝကဝင်လာတဲ့ Maidဆီကနေ သင်္ဘောသီးဖျော်ရည်လေးကို လက်ဆင့်ကမ်းယူပီး
ဘေဘီစားပွဲပေါ် သွားတင်ပေးလိုက်သည်။မော့တောင်မကြည့်။
နေ့လည်စာမစားခင် ရင်ချောင်စေရန် အတွက် အသီးဖျော်ရည်ကို မျိုးစုံသောက်လေ့ရှိတဲ့ ဘေဘီအတွက် ကျွန်တော် စီစဉ်ခိုင်းထားတာ၊ မဟုတ်လျှင် သေးလေတဲ့ ကိုယ်လေး ကျန်းမာဖို့ ထွားလာဖို့ဆိုတာ အဝေးကြီး။
ခုလည်းမနက်(၇:၀၀)နာရီကတည်းကထိုင်နေတာ (၁၁:၀၀)နာရီထိုးခါနီးတဲ့ထိ ထိုင်ခုံကမထသေး။
ဖျော်ရည်ကုန်နေတဲ့ ခွက်လေးကို အသာယူလိုက်ကာ နောက်နားကစောင့်နေတဲ့ Maidလက်ထဲက ဗန်းပေါ် တင်ပေးလိုက်သည်။
ဒီတစ်ခါလည်း မော့မကြည့်။
လွန်ပီ ဘေဘီ…။
နည်းနည်းတော့ အဖက်လုပ်ပါဟ။
"ဘေဘီ ရေချိုးသင့်ပီထင်တယ်"
"အမ်"
လူကသာအသံပြုတာ မော့တောင်မကြည့်တာကြောင့်၊လက်နှစ်ဖက်နှင့် မျက်နှာကို ဆွဲယူမော့ကာ အနမ်းပေးတော့။
"အွန်းးးးးးးPapiiiiiiii"
"အခုတော့အဖက်လုပ်ပီလား"
"ဟင် Jဝင်နေတာလား Gunကိုလေ ဘာနဲ့လဲ"
"ဒီခုံတွေ ဒီLaptopတွေ ဒီkeyboardတွေ မနာလိုဘူး"
YOU ARE READING
ပို၍...ပို၍(ပို၍...ပို၍)
Romance(Zawgyi + Unicode) OffGun fan fic လေးပါ! (Completed) OffGun fan fic လေးပါ! (Completed) (15/6/2019~29/9/2019)