ပို၍...ပို၍ (၃)

2.2K 153 10
                                    

ကျွန်တော် ဘေဘီကို စောင့်ရှောက်ဖို့ လူတချို့လွှတ်ထားတယ်။

ဘေဘီနဲ့ခင်မင်မှုက ဘေဘီကိုအန္တရာယ် မဖြစ်စေချင်ဘူး။

အရင်လို မြင်သာထင်သာအရပ်တွေမှာ လူတွေကိုမလွှတ်ထားပဲ မမြင်နိုင်တဲ့ ညဘက်တွေကို လူလွှတ်ထားခဲ့တယ် ဒီလူသားငယ် လေးက မကြိုက်ပေမဲ့လည်းပေါ့။

ခုဆို အသွားမလာမပျက် ကျွန်တော်တို့ တူတူရှိနေတက်တယ်။

တစ်ပတ် တစ်ခါတော့ ပုံမှန်တွေ့နေ ဖြစ်ကျတယ်။

ထမင်းလက်စုံကျတဲ့အခါ ပိုစားဝင်တဲ့ကျွန်တော်က ကျွန်တော်ရဲ့ Hotelတွေမှာ ဘေဘီနဲ့တူတူ ညစာစားဖြစ်တာ ပိုများတယ်။

ကျွန်တော်ရဲ့ လက်ရှိ မျက်နှာတစ်ခြမ်းကို ကြည့်ပီး ဘေဘီက အားကျတယ်လို့ ခဏခဏပြောပီး ချီးမွန်းတယ်။

အကယ်၍များ ကျွန်တော်က မှောင်ခိုဂိုဏ်းရာဇာကြီး လို့သိသွားတဲ့နေ့ကျရင် ကျွန်တော်ကိုပစ်သွားလေမလား။

အကြောက်အလန့်မရှိခဲ့တဲ့ ကျွန်တော် သိပ်ကိုကြောက်နေခဲ့တယ်။

ဘေဘီက ကျွန်တော်လာဘ်ကောင်လေး ဖြစ်မယ်။

ဒီလူသားနဲ့ခင်မင်ပီး တစ်နှစ်ကြာအတောအတွင်း Hotelကြီးတစ်လုံးထပ်ဖွင့်နိုင်ခဲ့တဲ့အပြင် အပျော်စီးသင်္ဘောကြီးတွေပါ ဝယ်ယူပီးလုပ်ငန်းတိုးချဲ့နိုင်ခဲ့တယ်။

Wedding ၊ Company's dinner တွေတော်တော် များများ လာရောက် ငှားရမ်းကျတယ်။

ဒီအပတ် ကျွန်တော် မှောင်ခိုဈေးကွက်ထဲမှာ ကတိစာချုပ်ပြုလုပ်မယ့် လုပ်ငန်းသစ်အတွက် နယ်ဘက်ကိုသွားရမယ်။

တစ်ပတ်တိတိ ကြာမှာမို့ ဘေဘီကိုလဲ အစောင့်တွေချထားခဲ့တယ်။

စိတ်ချလို့ရတန်ကောင်းပါရဲ့ ။

ခင်မင်တာ ကြာလာတော့ ကိုယ့်သွေးသား
ရင်းချာလို ဖြစ်လာရပီး သံယောဇဉ်လည်း ခိုင်မြဲလာစေတဲ့ ကလေးငယ်။

ဆေးခန်းကအပြန် အိမ်ကိုတစ်ခါတည်း ဝင်လာခဲ့မယ် ပြောလို့သာ စောင့်နေရတာပါ။

ကျွန်တော့်ရဲ့ခြံဝင်းထဲမှာရော Hotelတိုင်းရဲ့ အပေါ်ဆုံးထပ်တွေမှာပါ ရဟက်ယာဉ် ဆင်းလို့ရတဲ့ ကွင်းငယ်လေးထည့်သွင်းတည်ဆောက်ထားတာပါ။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now