ပို၍...ပို၍(၁၂)

1.6K 86 0
                                    

အထပ်မြင့်အဆောက်အဦးရှေ့ ရပ်လိုက်ပီး တပည့်ဖြစ်သူ ယက္ခနှင့် ကားပေါ်က ဆင်းလာလေသည်။

ဘေဘီကို အလုပ်လိုက်ပို့ကာ ညနေလာပြန်ကြိုမယ့်အကြောင်းပြောခဲ့ပီး အလုပ်မဝင်ခင် တစ်နေရာကို ဝင်လိုက်သည်။

"မင်္ဂလာပါရှင် Infinity Jewelleryဆိုင်ကြီးက ကြိုဆိုပါတယ်ရှင်"

"သူဌေးကြီးခင်ဗျ ဒီဘက်ကြွပါ"

သီးသန့်ခန်းထဲဝင်ကာ ထိုင်စောင့်နေလိုက်ယုံဖြင့် မျက်စိရှေ့ကို ရောက်လာတဲ့ လက်ဝတ်လက်စားတွေ၊ တဖျတ်ဖျတ်လက်နေတာက မျက်စိကျိန်းမတက်ပင်။

ရိုးရိုးရှင်းရှင်းသာပေးချင်တာမို့ ယောကျာ်းလေးဝတ်လည်းတင့်တယ်တာမျိုး ရွေးလိုက်တယ်၊ ဘေဘီ ကြိုက်လောက်မှာပါ။

ဘေဘီအတွက်စိတ်ကြိုက်ရွေးပီးမှ ယက္ခတစ်ယောက်လည်း အပီးအပြင်ကြည့်နေတာမို့ ဒီလိုJewellery စိတ်ဝင်စားမှန်းသိတော့တယ်။

"ယက္ခ"

"ဗျာ သခင်"

"မင်းကြိုက်တာရွေးလေ ရှင်းပေးမယ်"

"အာ ရတယ်သခင် ကျွန်တော်အတွက်ကြည့်တာ မဟုတ်ဘူး"

အံမယ် ဒီကောင် ပေးစရာ ချစ်သူတွေ ဘာတွေ ရှိနေတာလားပဲ။

ဟိုကြည့်ဒီကြည့်နဲ့ ယက္ခကိုင်ထားတဲ့ လက်ပတ်လေးကို သတိထားမိသွားသည်၊ ရိုးရိုးလေးနဲ့ လှသားပဲ၊ ဘယ်လိုအသားရောင်နဲ့လက်ပဲ ဖြစ်ဖြစ် လှမှာ။

ဆရာတပည့်နှစ်ယောက် အလုပ်ရုံးခန်းရောက်တော့ လက်မှတ်ထိုးရ Meetingဝင်ရနဲ့ အလုပ်ရှုပ်ကုန်ပီး ညနေရုံးဆင်းချိန် ရောက်လေတော့ အတော်ပင်ပြိုင်းနေလေသည်မို့ ဘေဘီကို ကြိုပီးအိမ်သာ မြန်မြန်ပြန်လာလေတော့သည်။

"Papiiii ဒီအပတ် ရုံးပိတ်ရက်ကျရင် Gunအိမ်ခဏပြန်မယ် မပြန်ရတာကြာပီလေ"

"အင်း ကိုယ်လိုက်ပို့ပေးမယ်"

"အွန်း"

Neck tieကိုဖြုတ်ကာ အပေါ်ကုတ်ကြယ်သီးတွေပါဖြုတ်ပီး ချွတ်ပေးနေလေသည်။

နေ့တိုင်းကူညီပီး လုပ်ပေးတက်တဲ့ အမူအကျင့်ပေမဲ့ လက်ကလေးတွေလှုပ်သွားတာ မျက်တောင်လေးခတ်သွားတာ ကိုယ်လေးလှည့်သွားတာကအစ ကျွန်တော် ဘေဘီလေးက မြတ်နိုးစရာ ကောင်းလှပါသည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now